Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အ​ဖေဖြစ်သူ ဇော်ဝင်းထွဋ် ရဲ့ Stay Home နေတဲ့ ပုံစံတွေကိုပြောပြလာတဲ့ ၀င်းထွဋ်တာရာ

ပရိသတ်တွေရဲ့အချစ်နော် နိုင်ငံကျော်အဆိုတော်ကြီး ဇော်၀င်းထွဋ်ဟာ covid 19 ရောဂါကို စစ်ဆေးတဲ့ အနေနဲ့ Quarantine ၂၁ရက် နေထိုင်ခဲ့ပြီးနောက် လက်ရှိအိမ်မှာလဲ stay home နေထိုင်နေရတဲ့ ကာလဖြစ်လို့သူ့ မနေတက်မထိုင်တက် ဖြစ်နေတဲ့ ပုံကို သမီးဖြစ်သူက ပြောပြလာပါတယ်။ နောက်ဆုံးမှာ ၀င်းထွဋ်တာရာရေးခဲ့တဲ့ စာသာလေးကတော့ ဦးညီထွဋ်တစ်ယောက် ဘယ်လောက်တောင် အိမ်မှာငြီးငွေ့နေလဲ ဆိုတာကို ဖော်ကျူးနေပါတယ်။

သူပြောပြခဲ့တာကတော့ ” လူတွေ အများကြီးနဲ့ အမြဲ တရုန်းရုန်းနေတတ်တဲ့ အဖေတစ်ယောက် ဘယ်မှ မသွားရပဲ အိမ်မှာပဲ နေရပြီး ဘယ်သူနဲ့မှလည်း မတွေ့ရတော့ မနေတတ်ဘူး ဖြစ်နေတယ်! ကရာတေးတွေ ချလိုက်၊ သဲအိတ်ကြီးကို တဖုန်းဖုန်း ထထိုးလိုက်၊ ဖုန်းတွေ ပြောလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ဘာစားစရာရှိလဲ ထလုပ်ခိုင်းလိုက်၊ လမ်းတွေ လျှောက်လိုက်”

” ခြံဝထွက်ပြီး လမ်းမကို လှမ်းမျှော်လိုက်၊ ဆိုင်ကယ်တွေ စက်လိုက်နိုးကြည့်လိုက်၊ ကင်းမြီးကောက်တွေ ထောင်လိုက်၊ ပန်းချီတွေ ဆွဲလိုက်၊ အိမ်က ပစ္စည်းတွေ နေရာတွေ လျှောက်ရွှေ့လိုက်၊ ဂစ်တာတွေ တီးလိုက်၊ စန္ဒယားတွေ တီးလိုက်၊ စာအုပ်ဖတ်လိုက်၊ ကေသရာနဲ့ ဆော့လိုက်!”

” အဲဒါတွေကို တရပ်ဆက် လုပ်နေရင်းက ခိုင်ရေ….သမီးရေ…နဲ့ ကိုယ်တွေကို ဖျတ်ခနဲ မြင်လိုက်ရင် နောက်က လျှောက်လိုက်ပြီး လိုက်ခေါ်လိုက် စကားတွေ အတင်းပြောလိုက်နဲ့! ပြောသေးတယ်…အဖေ စာဖတ်ရတာ စိတ်မရှည်တော့ဘူး…ဖတ်တော့လဲ ဖတ်ချင်တယ်…အဲဒီတော့ သမီးပဲ ဖတ်ပြီး လာလာပြောပြလိုက်တဲ့!” ဆိုပြီး ဖခင်ရဲ့ ချစ်စရာကောင်းတဲ့ငြီးငွေ့နေပုံလေးကို ​သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပရိသတ်ကြီးရော Stay Home ကာလ ကြာမြင့်လာပြီဖြစ်လို့ ဘယ်လိုများငြီးငွေ့နေကြလဲ အိမ်မှာ ဘာတွေများလုပ်ဖြစ်ကြလဲ ဆိုတာကို ပြောပြခဲ့ပါအုံးနော် ။ ဖတ်ရူ့ပေးကြသူတွေကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2964 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ