Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူအတွက် ပျော်နေတဲ့ ဝင်းထွဋ်တာရာ

ပရိသတ်တွေကြားမှာ စိုးရိမ်မှုတွေနဲ့ စိတ်သောကရောက်နေရတဲ့ နိုင်ငံကျော် အဆိုတော်ကြီး ဇော်ဝင်းထွဋ် ရဲ့ quarantine ၂၁ ရက် ဝင်ခဲ့တဲ့ ကိစ္စကြီးကတော့ ယနေ့မှာ ပြည့်မြောက်ခဲ့ပါပြီ။ ၂၁ရက် ကြာအောင် စစ်ဆေးမှုခံယူခဲ့ပေမယ့် ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် သမီးဖြစ်သူဝင်းထွဋ်တာရာက ဖခင်ဖြစ်သူအတွက် စိတ်ပူပန်နေရတဲ့ နေ့ရက်တွေ ကုန်လွန်ခဲ့ပါပြီ ဆိုတဲ့ အကြောင်းကို “.စိတ္တဇညများ ကုန်ဆုံး လွန်မြောက်ခဲ့ပါပြီ! 🙏” လို့ ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုတော်ကြီး ဇော်ဝင်းထွဋ် ဟာ Covid 19 ရောဂါပိုးတွေ့ရှိသူ ဝေထွန်း (နဝရတ်တေးသံသွင်း)နှင့်အတူစားသောက်ဆိုင်ထိုင်ဖူးတာကြောင့် ဧပြီလ ၇ ရက်နေ့က စတင်ကာ မိမိသဘောဆန္ဒနဲ့ quarantine ၂၁ ရက် ဝင်သွားတာဖြစ်ပြီး ယနေ့ ဧပြီလ ၂၈ရက်နေ့မှာတော့ ၂၁ရက် ပြည့်မြောက်ခဲ့ပါပြီ။

၂၁ ရက်ပြည့်ပြီမို့ အိမ်ပြန်ရတော့မယ့် သတင်းကောင်းကို ပရိသတ်တွေ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်နော် ။ ဦးညီထွဋ် အတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါအုံး ပရိသတ်ကြီး။

Snow(mcc)

(Visited 1123 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ