Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Victoria လေးရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝန်းရံလာကြတဲ့ အနုပညာရှင်များ

လတ်တလော လူမှုကွန်ယက်မှာ ဟစ်အဖြစ်ဆုံးနဲ့ ပြည်သူတွေကြားမှာ အပြောအများဆုံးကတော့ နေပြည်တော်ရဲ့ မူကြိုကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး တစ်လကျော်ကြာသည်အထိ တရားခံကို မဖမ်းမိသေးတာကြောင့် ပြည်သူလူထုတွေ ကြားမှာ အရမ်းကိုဂယက်ထနေပါတယ်။ ကျူးလွန်ခံရတဲ့ သမီးလေးက အသက် ၃နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။ အဆိုပါအမှုကို ချစ်သုဝေနဲ့ လင်းလင်းတို့က ပါဝင်ကူညီခဲ့ကြပြီး ယခုနောက်ပိုင်းမှာတော့ အနုပညာရှင်တော်တော်များများကပါ သမီးလေးအတွက် ဝိုင်းပြီးဝန်းရံလာကြပါတယ်။

လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် အပြစ်ရှိရင် တရားဥပဒေနဲ့အညီ အပြစ်ပေးခံရပါမယ် လို့ ဆိုတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ

“ အခုချိန်မှာ supporting လုပ်ပေးဖို့ လိုအပ်နေတဲ့ အချိန်ရောက်နေပါပြီ အမှုမှန်ပေါ်ပေါက်ဖို့ အမှန်တရားအတိုင်းပဲ ဖြစ်စေဖို့လိုအပ်ပါတယ် လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် အပြစ်ရှိရင် တရားဥပဒေနဲ့အညီ အပြစ်ပေးခံရပါမယ်”

ဒီကလေးအတွက် လမ်းလည်ခေါင်ထွက် ဆန္ဒပြဖို့ အဆင်သင့်ဘဲ လို့ဆိုတဲ့ တိုင်ရွန်

“ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံရှိရင် အမှားကို အမှန်လို့ ပြောင်းလဲ သတ်မှတ်နိုင်တယ်။ မတရားဥပဒေ ရှက်ဖို့ ကောင်းတယ် ကျွန်တော် ဘာမှတော့ နားမလည်ပါဘူး ဒါပေမယ့် လိုအပ်လာရင် ဒီကလေးအတွက် လမ်းလည်ခေါင်ထွက် ဆန္ဒပြဖို့ အဆင်သင့်ဘဲ ဒီလို မုဒိန်းကောင်တွေကြောင့် မိဘတွေ ဘယ်နစ်ယောက် သားသမီးတွေ ဆုံးရှုံးခဲ့ကြပြီလဲ ဒီတိုင်းကြည့်နေကြတော့မှာလားဗျာ”

တဏှာကောင်တွေကို ဘဝသေတာထက်ပြင်းတဲ့ အပြစ်မျိုးပေးပါ လို့ ဆိုတဲ့ စိုးပြည့်ပြည့်စံ

“ ကျမ စိုးပြည့်ပြည့်စံ…. ဒီရက်တွင်း အဖြေချင်ဆုံးနဲ့ ဒဲ့ဝုန်းချင်တဲ့ သက်ငယ်မဒိန်း Interview တွေသာလာမေးပေးပါ အဇမ်းတွေဖြေပေးချင်နေလို့ပါ။ Why လို့မေးချင်တယ်မလား ။ ဒဲ့ကိုဖြေပြမယ်။ ကျမကိုချစ်အောင်ဖြေတာမဟုတ်ဘူး။ အမှန်တရားကိုလူတိုင်းတွေးရင်းစာနာရင်း?ဝိုင်းကူညီတတ်အောင်ဖြေပေးချင်တာ။ လူမဆန်တဲ့ တဏှာကောင်တွေ ကို လူသိရှင်ကြား မသေမရှင်အပြစ်ပေးပြီး ဘဝကိုသေတာထက်ပြင်းတဲ့ ခံစားချက်မျိုးဖြစ်စေတဲ့ အပြစ်ပေးဖို့ တောင်းဆို ပါတယ်Pls”

ဘာတရားမျှတမှု မှ မရှိသေးရင် မေဦးတို့ပြည်သူတွေ ဘယ်သူ့ကိုအားကိုးရမလဲ? လို့ မေးလိုက်တဲ့ မေဦး

“ကိုယ့်ရဲ့သွေးသားမပာုတ်တာတောင်Victoria လေးအတွက် တော်တော် စိတ်ထိခိုက်ရတယ်။ သမီးလေးရဲ့အမေနဲ့မိသားစု တွေ ဆိုဘယ်လောက်တောင် ခံစားနေရမလဲတွေးကြည့်ကြပါ ဒီလိုပဲ သမီးမွေးထားတဲ့ အမေနဲ့မိသားစုတွေရော ဘယ်လောက်တောင် သောကတွေများပြီး စိုးရိမ်နေရမလဲ ? အရင်က ဒီလိုသက်ငယ်မုဒိန်းမှုဆိုတာ နယ်စွံနယ်ဖျားနဲ့တချို့မဖွံ့ဖြိုးတဲ့ဒေသတွေမှာတွေ့ရပေမယ့် အခုဆို ခေတ်မီလှတဲ့ ဒီလိုကျောင်းတွေမှာပါဖြစ်နေပြီဆိုတော့ သမီးမွေးထားတဲ့ မိသားစုတွေ ဘယ်လို လုပ်ရမလဲ ? မေဦး ဒီကိစ္စအဓိကမှာပြောချင်တာက တရားဥပဒေ ဆိုးမိုးရေးပါတရားဥပဒေဆိုတာ မတရားခံရသူအတွက်ကာကွယ်ပေးလို ပြုလုပ်သူကိုလဲ လုပ်ခဲ့တာအတွက် ထိုက်သင့်စွာ အပြစ် ပေးရတာမျိုးပါ။ အခုတော့ ခံရတံ့ ခလေးအပြင်မိသားစုအတွက်ရော ဘာတရားမျှတမှု မှ မရှိသေးရင် မေဦးတို့ပြည်သူတွေ ဘယ်သူ့ကိုအားကိုးရမလဲ? အဲ့ဒါကြောင့် တာဝန်ရှိတဲ့ ဥပဒေအရာရှိကြီးများ အမြန်ဆုံး ဘယ်ကိစ္စမှာမဆို တရားဥပဒေ စိုးမိုးမှုကို သေချာကိုင်တွယ်ဖြေရှင်းပေးကြပါ ??????”

“ ဒီသတင်း တွေ့ပါများလို့ မShare ပဲ မနေနိုင်တော့လို့ အမှု မှန် မြန်မြန်ပေါ်ပါစေ တရားကို နတ်စောင့်ပါစေ” လို့ပြောလာတဲ့ ပိုပို

အဆိုပါဝန်းရံထားတဲ့ အနုပညာရှင်တွေအပြင် ပရိုဖိုင်လေးတွေချိန်းပြီး ဝန်းရံကြတဲ့ အနုပညာရှင်တွေ မျိုးစုံလဲ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးလဲ သမီးလေးကို ဝန်းရံတဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီသတင်းလေးကို မျှဝေပေးသွားကြပါနော်။

Source – celes’s fb

(Visited 6637 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ