Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Victoria လေးရဲ့အမှု အတွက် သမ္မတကြီးထံတောင်းဆိုစာ ရေးခဲ့တဲ့ ဝိုင်း

အချိန်တော်ကြာ မပြီးပြတ်သေးတဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး ဒါရိုက်တာဝိုင်းက သမ္မတကြီးကို တောင်းဆိုစာ ပေးပို့ ခဲ့ပါတယ်။ အဆိုပါအမှုဟာ တရားခံပါလို့စွပ်စွဲပြီးဖမ်းဆီးခံထားရတဲ့ အောင်ကြီးကို တရားရှင်လွှတ်ပေးခဲ့ပြီး ယခုချိန်ထိ တရားခံအစစ်အမှန်ကို မဖမ်းဆီးနိုင်သေးတာလဲဖြစ်ပါတယ်။

ဒါ့ကြောင့် အဆိုပါ ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး ပြည်သူတစ်ချို့က ဆန္ဒပြခဲ့ကာ တစ်ချို့သောအနုပညာရှင်တွေကလဲ သူတို့ရဲ့ သဘောထားမှတ်ချက်တွေကိုရေးသားလာခဲ့ပါတယ်။ အဲ့ဒီထဲကမှ ဒါရိုက်တာ ဝိုင်းက ခုလိုလေးပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” သမ္မတကြီးခင်ဗျား…. Victoriaလေး ရဲ့အမူမှာ…တရားခံအစစ်….အမြန်ဆုံးပေါ်အောင်ကြိုးစားပေးပါ….ခင်ဗျား…MA4 ” လို့ဆိုပြီးရေးသားခဲ့ပါတယ်။

ဒါရိုက်တာဝိုင်းဟာ အနုပညာလောကရဲ့ ပန်းပျိုးလက်လို့ပြောရင်လဲ မမှားပါဘူး သူ့ကြောင့်အကယ်ဒမီဆုတွေရသွားတဲ့ မင်းသားမင်းသမီးတွေလဲ ရှိသလို သူကိုယ်တိုင်လဲ အကယ်ဒမီဆုတွေရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်းဟာ အနုပညာလောကမှာလဲအောင်မြင်သလို ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုလဲ ပိုင်ဆိုင်ထားပါတယ်။ သူက သားတစ်ယောက်သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး တကယ့်ကိုပျော်စရာကောင်းတဲ့မိသားစု လေးပါနော်။

ဖတ်ရူ့ကြတဲ့ပရိသတ်ကြီးရေ ဗစ်တိုးရီးယားလေးအတွက် တရားထံအစစ်အမှန်ပေါ်ပေါက်ဖို့ ဆုတောင်းကြရအောင်နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow(mcc)

(Visited 2103 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ