Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သင်ဇာဝင့်ကျော်နဲ့ အတူပွဲတက်ရလို့ စိတ်လှုပ်ရှားပါတယ် ဆိုတဲ့ ဟိန်းမင်းသ

မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတစ်လက် ဖြစ်သလို ဖက်ရှင်လောကမှာလဲ ဘုရင်မတစ်ပါးလို အောင်မြင်နေတဲ့ သင်ဇာဝင့်ကျော်ဟာ ၂၀၁၈ခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲအခမ်းအနားကို အဆိုတော်လေး ဟိန်းမင်းသူ နဲ့ အတူ တက်ရောက်လာခဲ့ပြီး သူတို့နှစ်ဦးဟာလဲ ပရိသတ်တွေရဲ့ ဝေဖန်သံတွေကိုခံနေရတဲ့ နှစ်ယောက်ဖြစ်လို့ ယခုလို ကာလာတူပွဲတက်လာတာကိုလဲ စိတ်ဝင်စားနေကြပါတယ်။ အဲ့လို စိတ်ဝင်စားနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို ဟိန်းမင်းသူက ခုလိုဘဲပြောပြသွားခဲ့ပါတယ်။

“ ကျွန်တော့် သင်ဇာကို ဘာအရောင်ဝတ်ဖြစ်မလဲလို့ မေးဖြစ်သွားတာ နဲ့ ကျွန်တော့် ဒီဇိုင်နာကလဲ ဒီအရောင်လေး လုပ်ပေးဖြစ်တာပါ။ အလုပ်တွဲလုပ်ဖြစ် လို့ အဆက်အသွယ် ရှိတာပါ။ မသင်ဇာကိုလဲ သရုပ်ဆောင်ကောင်းတော့ အကယ်ဒမီရစေချင်တယ်။ ခုစိတ်အရမ်းလှုပ်ရှားနေပါတယ်။ အကယ်ဒမီပွဲကိုလဲ ပထမဆုံးတက်ဖူးတာ ကိုယ်သဘောကျတဲ့ idol နဲ့ အတူ joine ပြီး ပွဲတက်ရတာမို့ ပိုပြီး စိတ်လှုပ်ရှားပါတယ်” လို့ ဟိန်းမင်းသူ ကပြောပြခဲ့ပါတယ်။

သင်ဇာနဲ့ ဟိန်းမင်းသူတို့က ခင်မင်ရင်းနှီးခဲ့ကြတာ ၃လလောက်ခန့်ရှိနေပြီဖြစ်ပြီး ဟိန်းမင်းသူရဲ့ သီချင်းတစ်ပုဒ်မှာ သင်ဇာကဝင်ရောက်သီဆိုရင်း သရုပ်ဆောင်ခဲ့တာလဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ကို တပူးပူး တတွဲတွဲ တွေ့မြင်နေရတာလဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းတွေ ညီကိုမောင်နှမတွေလိုဘဲ ခင်မင်ရင်းနှီးကြပါတယ် ဆိုပြီးပြောပါတယ်။

Snowpiki(MCC)

(Visited 94 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ