Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တစ်ချိန်က ထွန်းထွန်း နဲ့ အမှတ်တရတွေကို ပြောပြခဲ့တဲ့ ညီညီမောင်

ပရိသတ်အများစုရဲ့ ချစ်ခင်အားပေးခြင်းကို ခံရပြီး အောင်မြင်မှုတွေဟာလဲ သူ့နေရာနဲ့သူ အတိုင်းအတာတစ်ခုအထိရရှိခဲ့တဲ့ သရုပ်ဆောင်လဲဖြစ်၊ ဝါရင့်မိတ်ကပ်ပညာရှင်လဲ ဖြစ်တဲ့ ညီညီမောင်က ငယ်စဉ့်အမှတ်တရတွေကို ယခုရက်ပိုင်းမှာပြောပြလာခဲ့ပါတယ်။ သူရဲ့ အမှတ်တရတွေထဲမှာ 90’born တွေရဲ့ အသည်းကျော် ထွန်းထွန်း နဲ့ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကိုပြောပြလာပါတယ်။

သူပြောပြခဲ့တာကတော့ ” လူငယ်ဘဝမှာ အကြိုက်ဆုံး ယောကျာ်းလေးအဖွဲ့ဆို Examplez ❤️မိန်းကလေး အဖွဲ့ ဆိုရင်တော့ No အဖွဲ့ ❤️ Example အဖွဲ့ ဆိုတာကလဲ အဲခေတ်အခါ ကမိန်းကလေးတွေရဲ့ အသည်းဆွဲ သူတို့ အုပ်စုလိုဆိုတဲ့ရှိုးပွဲ အခွေ VCD ထွက်ရင် အမလေး လမ်းထိပ်ကဆိုင်မှာထွက်တဲ့နေ့ ကြည့်ဖို့စာရင်းပေးထားရတာ ဆိုင်ဆိုလို့ အခွေဌားဆိုင်မဟုတ်ဖူးနော် ခိုးကူးရောင်းတဲ့ဆိုင် မူရင်းခွေ ကမဝယ်နိုင်ဘူးဈေးကြီးတယ်လေ ရှိုးပွဲတွေကျတော့လည်းသွားမကြည့်နိုင်ပါဘူး လက်မှတ်ရရင်တောင် အဝတ်စားမရှိလို မသွားရဲပါဘူး သူငယ်ချင်းတွေ ကတော့သွားကျတာပေါ့ “

” ကိုယ်တွေနဲ့ ကိုကိုထွန်းထွန်းအများဆုံးတွေဖြစ်တာကတော့မင်္ဂလာပွဲတွေမှာ အရံလုပ်တဲ့ အခါတွေရယ် Wedding Dinner ရယ် ရူတင်တွေမှာဆုံဖြစ်ပါတယ် ဟန်ဆောင်မှု ကင်းတယ်လူငယ်ဆန်ဆန်ပျော်တက်တဲ့ ကိုကိုထွန်းထွန်းကသဘောလည်းကောင်းပါတယ် ကျမတင်ထားတဲ့ photo တွေကြည့်သိနိုင်ပါတယ် ပရိတ်သတ် တယောက် ကြိုက်သလို photo ရိုက်ပြုံးနေတာပါပဲ ကျမ ကလဲဟော့လျော့လေ အဲ့ခေတ်ခါ က မိန်းမလျာဆိုတော့ မိန်းမလျာစိတ်လေးတော့ရှိတာပေါ့နော် “

“ကိုယ်ဖြတ်သွားတာနဲ့ လိုက်ကြည့်တာ ကို အရမ်းကြိုက် ကြည့်တဲ့ ယောကျာ်း မိန်းမတွေ မျက်လုံးမှာတော့ ဟယ် ယောကျာ်းပုံကြီးနဲ့ ဆံပင်ကရှည် အရပ်ကကလန်ကလား ဒေါက်ဖိနပ်စီး သရုပ်ပျက်လိုက်တာပေါ့ သူတိုစိတ်ထဲ အဲလိုမြင်ကောင်းမြင်မှာပါ ကျမ ကတော့ လူတွေကြည့်ရင်ကို ငါသာလျင်အလှဆုံး ဖြစ်နေမိတာအမှန်ပါ 😉😉😉”

” ကိုကိုထွန်းထွန်းနောက်ပိုင်းရုပ်ရှင်တွေရိုက် တော့ရူတင်တွေမှာဆုံဖြစ်ပါတယ် သီးချင်းဆိုတာလဲတော် သလိုသရုက်ဆောင်ပိုင်းမှာလဲကြိုးစားတော့ အချိန်တိုအတွင်း ရုပ်ရှင် နယ်ပယ်မှာကြယ်ပွင့်တပွင့်ဖြစ်လာတာပေါ့ရှင် အဲခေတ် အဲခါကတော့ ပရိတ်သတ်ပေါ့ ခုခေတ်ဆိုရင်တော့ဖန်ပေါ့နော် ကိုယ်တွေက ပွဲမှာတွေလိုသွားပြီးphotရိုက်ရင် ကောင်မလေးတွေက နှာခေါင်းရှုံ ကျတာပေါ့နော် ကိုယ်တွေကလဲphoto ရိုက်ပြီဆိုချစ်တော့ ဖက်ချပလိုက်တာပေါ့နော် ချစ်တယ်လေဆိုတာမှာ ပရိတ်သတ်တယောက်က အနုပညာရှင် ကိုချစ်သလိုမျိးပါ”

“အလုပ်ခွင်မှာ ပြင်ဆင်ပေးလိုခင်မင်မှူ ကသက်သက် ပရိတ်သတ်တယောက်လို ခင်မင်မှု နဲ့ ချစ်တာပါရှင် ကိုကို ထွန်းထွန်း ကို သူအဖေရော အမေရောက တအားချစ်တာ အန်တီမီးဆိုရူတင်တိုင်းအမြဲပါသားနောက်က ထပ်ချပ်မကွာ အန်ကယ်ကတော့ ကားမောင်းပိုပေးတာပေါ ကိုကိုထွန်းထွန်းကိုစိတ်ကောင်းရှိပြီးပါစပ်ပြဲပြဲလေးနဲ့ပြုံးတက်တဲ့ ကိုကိုထွန်းထွန်း နဲ့ ဆုံတိုင်း မိတ်ဆွေတွေလို ခင်သလို ပရိတ်သတ်တယောက်လိုလဲအားပေးချစ်တုန်းပါပဲရှင် “

“သတို့သားအရံ လုပ်ပေးတာများကို ကိုကိုထွန်းထွန်းလဲ ခုချိန်ထိလူပျိုကြီးဖြစ်နေတာ ထင်တယ် ခိခ်😉☺️😊ဟိုတလောက မင်္ဂလာဆောင်သွားတဲ့ Exampez အဖွဲ့က အညိုစင် ကိုသက်အောင် ကတော့ ငယ်ငယ်ထဲက ခရက်ခဲ့ ကြိုက်ခဲ့ရတာပါ မိန်းမလျာတယောက်ရဲ့ဖွင်ဟဝန်ခံချက်ပေါ့ရှင် ခုတော့ ဂွမ်းပါပြီ မိန်းမ ရသွားပြီကိုကိုသက်အောင်ကြီးက ဟီးတော်သေးပြီ အရှက်လဲကွဲပြီ ခ်ခ်😅😅😅ချစ်တယ်နော် ကိုကို ထွန်းထွန်း ” လို့ ဆိုကာ အမှတ်တရ အဖြစ်အပျက်တွေကို စာတွေဖွဲ့နွဲ့ကာပြောပြလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ထွန်းထွန်းကလဲ အကယ်ဒမီရ မင်းသားတစ်လက်ဖြစ်နေပြီး ညီညီမောင်ကလဲ မိတ်ကပ်ပညာရှင်အပြင်ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ကားကြီးတွေရိုက်ကူးထားတယ်လို့လဲသိရပါတယ်။ ထွန်းထွန်း နဲ့ သုသု တို့ ပရိသတ်တွေအတွက် သူ့တို့ရဲ့ တစ်ချိန်က အမှတ်တရတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

Snow(mcc)

(Visited 937 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ