Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

(၇၅)နှစ်ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုလိုက်တဲ့ Sinon

မြန်မာနိုင်ငံ မှာလူချစ်လူခင် များစွာရနေပြီဖြစ်ပြီး အခြေခံလူတန်းစားတွေရဲ့အခက်အခဲ၊ လိုအပ်ချက်တွေကို တက်နိုင်သလောက် ကူညီဖြေရှင်းပေးနေတဲ့ ပရဟိတစိတ်ဓာတ်အပြည့်ရှိတဲ့ Sinon ဟာ အင်တာနေရှင်နယ် ဂေးမော်ဒယ်တစ်ယောက်ပါ။ သူဟာ ယနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ၇၅နှစ်ပြည့်တပ်မတော်နေ့အခမ်းအနားကို ဂုဏ်ပြုကြောင်းပြောပြလာပါတယ်။

သူက ” Tribute Photo ‘’75th Myanmar Armed Forced Day ‘’ မြန်မာနိုင်ငံကိုကာကွယ်ပေးနေတဲ့ တပ်မတော်အတွက် ကြီးမားတဲ့လေးစားမှု နဲ့ရိုသေမှုကို ဖော်ပြပေးသောလိုငါ့ရဲ့ ဓာတ်ပုံပါ ငါ့အချစ်တို့ တပ်မတော်သားတွေအားလုံးဟာ အလွန်လေးစားဖွယ်ကောင်းတဲ့ သူရဲကောင်းတွေလို့ ငါအခိုင်အမာပြောရဲပါတယ် မင်းတို့အားလုံး ကိုငါ အများကြီးချီးကျူ းဂုဏ်ပြုပါတယ် 🇲🇲❣️💂🏻‍♀” လို့ ဆိုကာ ဂုဏ်ပြုခဲ့ပါတယ်။

Sinon ဟာ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံကို အလှူအတန်းတွေပြုလုပ်ဖို့ အတွက်ရောက်ရှိနေသူလို့ ဆိုရမှာပါ မြန်မာနိုင်ငံကိုစတင်ရောက်ရှိခဲ့တဲ့အချိန်ကစပြီး ယနေ့ချိန်ထိ ပရဟိတတွေလုပ်ဆောင်နေသူပါ။ ဒါ့အပြင် လူထဲက လူဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာလဲ ပါဝင်သရုပ်ဆောင်ထားတယ်လို့လဲ သိရပါတယ်။

Snow(mcc)

(Visited 679 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ