Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

B76F3288-B498-4C09-9F57-977192375283
0

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အတွက် တာဝန်မကျေသလို ခံစားရတဲ့ ချစ်သုဝေ

ယေနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ မှာသူမကို ချစ်တဲ့ အနုပညာရှင်တွေ က သူတို့ရဲ့ လူမှုကွန်ယက်ပေါ်မှ ဆုမွန်ကောင်း ကြပါတယ်။ ဒီထဲကမှ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ချစ်သုဝေမှလည်း သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ ခုလို ဆုတောင်းထားတာတွေ့ရပါတယ်။ ပျော်ရွှင်စရာမွေးနေ့ပါ အမေစု? ဒီတစ်ခါအမေ့ဆီသွားတော့ တာဝန်မကျေအားမကိုးရတဲ့သမီး တစ်ယောက်လို စိတ်ထဲအတော်ခံစားခဲ့ရတယ်.. ဟုတ်တယ် ..သမီးလေးတွေမွေးပြီးကတည်းက သမီး၂ယောက်အပေါ်တာဝန်တွေကျေဖို့ကြိုးစားရင်း မိသားစုအတွက် အတ္တတွေသိပ်ကြီးလာခဲ့တဲ့ကိုယ်ဟာ အမေ့ရှေ့မှာ အားတုံ့အားနာမှုတွေခံစားရတာမဆန်းပါဘူး.. ဘာလို့ဆို ဒီတိုင်းသူပြည်သားတွေနဲ့ ဒီမြေအတွက် မိန်းမတစ်ယောက်,မိခင်တစ်ယောက် မစွန့်နိုင်သောအရာတွေကို သူစွန့်ခဲ့ရတာကိုး.. ကိုယ်ဆို စိတ်ကလေးတောင်ယောင်ရမ်းမတွေးကြည့်နိုင်ဘူး.. အမေဟာ မေတ္တာကြီးတယ် ရဲရင့်တယ် ပြတ်သားတယ် သမာဓိအားကြီးတယ် တိုင်းပြည်လူမျိုးကို ကိုယ်ကျိုးစွန့်ချစ်တယ်..တကယ့်ကို တစ်ယောက်တည်းသာရှိတဲ့ စံပြနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပဲ.. […]