Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Surprise မွေးလေးအတွက် အရမ်းပျော်ခဲ့တယ် ဆိုတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ ရွှေမင်းသမီး ဝတ်မှုံရွှေရည်ဟာ သြဂုတ်လ ၁၀ ရက်နေ့မှာတော့ အသက် ၃၁နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာ အရမ်းကို ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ အနုပညာတွေကို ဂုဏ်ပြုခြင်းကတော့ အကယ်ဒမီ ၂ဆုပိုင်ဆိုင်ထားခြင်းပါဘဲ ။ သူမက ယခုနှစ်မွေးနေ့မှာ အလုပ်ကိစ္စနဲ့ ခရီးထွက်ရမှာမို့ မွေးနေ့ပွဲ မလုပ်ဖြစ်ပေမယ့် သူငယ်ချင်းတွေက surprise လုပ်ပေးခဲ့တယ်လို့လဲ ပြောပြခဲ့ပါတယ်။

သူမ ကတော့ ” ဒီနှစ်မွေးနေ့ ခရီးသွားရမှာမို့ဘာမှ မလုပ်တော့ဘူးစဉ်းစားထားတာ မနေ့ကsurprise ပွဲလေး လုပ်ပေးကြတဲ့သူများ ဂျာ ဂျာ ZawMoeHein ၊ ချစ်သော Thi HaTun အစ်ကို SawKo YuMawနဲ့ အချိန်ပေးပြီး အတူတူပျော်ကြတဲ့သူတွေအရမ်းအရမ်းကျေးဇူးတင်ပါတယ်။ ညက အရမ်းပျော်ရပါတယ်လို့ ❤ ပျော်စရာကောင်းတဲ့ Private ပွဲလေးအတွက် KER က အမငယ်ကိုလည်း အထူးကျေးဇူးပါရှင်Fanny Fee ???” လို့ ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အဲ့ဒီနောက် သူမ ခရီးထွက်ရမယ့်အကြောင်းနဲ့ သူ့ရဲ့ Fan တွေကိုလဲ ” ဒီနှစ်မွေးနေ့က တိမ်တွေပေါ်ကပန်း ဇာတ်ကားရိုက်ကူးရေးနဲ့ ခရီးရောက်နေမှာဆိုတော့ ဘာမှ မလုပ်ဖြစ်လို့ KFC လေးတွေ ဝမ်းမနည်းကြပါနဲ့လို့ ပြန်လာတာနဲ့ မွေးနေ့အတွက်ကော ပေါင်းပြီးအလွမ်းသယ်ကြမယ်နော် ??? ” ဆို ပြီးလဲ ဆက်လက်ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Li John Photography၊ wutthmoneshweyi’sfb

(Visited 1646 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ