Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Star Awards 2019 ဆုပေးပွဲအတွက် ပထမခြေလှမ်းစတင်

၂၀၁၉ခုနှစ် ဧပြီလ ၅ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards 2018 ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ အဆင်မပြေမှုတွေရှိနေခဲ့ပေမယ့် ယခုနှစ် Star Awards 2019 အခမ်းအနားကို ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပွဲကြီးအတွက် Star Awards 2019 ဆုရွေးချယ်ရေးကော်မတီ က ပထမအကြိမ် အစည်းအဝေး ကို ကျင်ပပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈ခုနှစ်အတွက်ကျင်းပခဲ့တဲ့ Star Awards ဆုချီးမြှင့်ခြင်း အခမ်းအနားမှာ အခက်အခဲတွေ များစွာရှိနေခဲ့ပေမယ့် ယခုနှစ်မှာတော့ အကောင်းဆုံးပြန်လည်ပြင်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲ တုန်းက ဆန်ကာတင် ရုပ်ရှင်ဇာတ်ကား၂၆ကားထဲမှ အကောင်းဆုံးဆုတွေကို ချီးမြှင့်ပေးခဲ့တာဘဲဖြစ်ပါတယ်။

Star Awards 2018 အတွက် ဆုရရှိခဲ့တဲ့ စာရင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ Best Director Award ဆုကို ခရစ္စတီးနားခီ ၊ Best Actor in Leading Role Award ဆုကို နေတိုး ၊ Best Actress in Leading Role Award ဆုကို ပိုင်ဖြိုးသု ၊ Fashion Award ဆုကို ဝတ်မှုံရွှေရည် ၊ Rising Star Award ဆုကို မေမြင့်မိုရ် ၊ Best Cinematography ဆုကို ဏကြီး ၊ Best Actress in a Suporting Role Award ကို ရွှေသမီး၊ Best Actor in a Suporting Role Award ကို လူမင်း တို့က အသီးသီးရရှိခဲ့ကြတာဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)က ဦးဆောင်ပြီး Stellar Seven Entertainment မှ Organizer အဖြစ်လက်တွဲဆောင်ရွက်မယ့် Star Awards ဆုရွေးချယ်ရေးကော်မတီ ရဲ့ ပထမအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့ဗိုလ်တထောင်ဘုရားလမ်းနှင့် အနော်ရထာလမ်း ထောင့်ရှိ House of Orchid မှာ ဇူလိုင် ၂၈ ရက်မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြပြီး ကော်မတီအဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းခဲ့ကြတယ် လို့ သိရပါတယ်။

ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Star awards ‘s fb page

(Visited 236 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ