Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Star Awards 2018 ဆုပေးပွဲ ကြီးကရော ပရိသတ်တွေရဲ့ ရင်ခုန်သံနဲ့ ထပ်တူဖြစ်နိုင်ပါ့မလား ?

၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ကျင်းပပြုလုပ်မယ့် Star Awards 2018 ဆုပေးပွဲ အခမ်းအနားကို ဧပြီလ ၅ရက်နေ့မှာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါပွဲနဲ့ ပတ်သက်ပြီး အနုပညာရှင်တို့ အတွက် ဒုတိယ ရင်ခုန်သံဖြစ်လာမယ့် Star Awards ဆုချီးမြှင့်ပွဲ အခမ်းအနားလဲ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနား အတွက် အနုပညာရှင်တွေ ကရင်ခုန်နေကြပြီထင်ပါတယ်နော်။

ဒီဆုချီးမြှင့်ပွဲကြီးမှာ ရုံတင်ပြသပြီးဖြစ်တဲ့ ရုပ်ရှင်ကားကြီးတွေအပါအဝင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက မင်းသားမင်းသမီး အသစ်တွေကိုလဲ ထူးချွန်ဆုတွေ ချီးမြှင့်ပေးသွားမှာ ဖြစ်တဲ့အတွက် အဆိုပါဆုချီးမြှင့်ပွဲကြီးက တကယ့်ကို ထူးခြားနေမယ်လို့ မျှော်လင့်မိပါတယ်။ Star awards ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက ကြီးမှူးကျင်းပပေးသွားမှာ ဖြစ်ပြီး Stellar Seven Entertainment မှလည်း Organizer အဖြစ် လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆုပေးပွဲဟာအကယ်ဒမီပွဲ ကဲ့သို့ အနုပညာရှင် အတက်ပညာရှင်တွေအတွက် အဓိက ရည်ရွယ်ချီးမြှင် တဲ့ပွဲဖြစ်ပြီး ယခုနှစ်ရဲ့ ဧပြီလ ၅ရက်နေ့မှာတော့ Star Awards 2018 ဆုချီးမြှင့်ပွဲကြီး သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြု လုပ်သွားမှာဖြစ်ပြီး ယခုနှစ်ရဲ့ ရုံတင်ပြသခဲ့တဲ့ ရှပ်ရှင်ကားကြီး ၈၃ ကားထဲက (၂၆)ကား ကို ဆန်ခါတင်ကားတွေ အဖြစ် ဆုရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များရဲ့ မဲစနစ် နဲ့ ရွေးချယ်ခဲ့ပြီး ဆုအမျိုးအစား (၁၅)ဆုကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဆုအမျိုးအစားတွေ အတွက် ဆုတစ်ဆုကို သိန်း(၅၀)စီ ချီးမြှင့်သွားမှာ ဖြစ်ပြီး ဆုအမျိုးအစား (၁၅)ခုကို အောက်မှာဖော်ပြပေးသွားပါမယ်။

၁။ Honourable Award ၂။ Story Award ၃။ Best Picture Award ၄။ Director Award ၅။ Actor In The Leading Role Award ၆။ Actress In The Leading Role Award ၇။ Actor In The Supporting Role Awards ၈။ Actress In The Supporting Role Awards ၉။ Photographer Award ၁၀။ Director of Photography Award ၁၁။ Special Effects Award ၁၂။ Theme Song Award ၁၃။ Special Award ၁၄။ Popular Award (Male or Female) ၁၅။ People Choice Award တို့ဘဲဖြစ်ပါတယ်။

အကယ်ဒမီပွဲမှာ ပရိသတ်ပေးတဲ့ ဆုနဲ့ အကဲဖြတ်တွေပေးတဲ့ ဆု ကွာခြားခဲ့တာကြောင့် ကြီးမားတဲ့ ဂယက်တွေရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ ယခု ကျင်းပပြုလုပ်တော့မယ့် Star awards 2018 ဆုချီးမြှင့်ပွဲကြီးကို သူတို့ချစ်တဲ့ အနုပညာရှင်တွေ ဆုရရှိဖို့ မျှော်လင့်နေကြပါတယ်။ Star awards ကရော ပရိသတ်နဲ့ ထပ်တူကြပါ့မလားဆိုတာကို မနက်ဖြန်မှာ ဆုချီးမြှင့်ပွဲကြီးက ပြသပေးသွားတော့မှာဖြစ်ပါတယ်။

Snowpiki(MCC)

(Visited 1564 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ