Sinon ရဲ့ ပရိသတ်ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ စူးရှနိုင်

ပရိသတ်တွေကြားမှာ ဘိုမလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ ထင်ပေါ်ကျော်ကြားခဲ့တာဘဲ ဖြစ်ပါတယ်။သူမဟာ ရုပ်ရှင်ကားပေါင်းစွာ ကြော်ငြာပေါင်းများစွာကို ရိုက်ကူးပုံဖော်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားတယ်လို့လဲ သိရပါတယ်။ သူမဟာ မကြာသေးခင်ကမှ ပြိုင်ပွဲတစ်ခုအတွက် ရောက်ရှိနေတဲ့ Sinon နဲ့ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ ” Sinon ကို ဒီအခြောက်ကြီးကိုဘာလို့ ကြိုဆိုနေကြတာလဲ ဘာညာနဲ့ ဝေဖန်နေကြတဲ့လူတွေက Sinon ကိုအခုမှမြင်ပြီး Sinon အကြောင်းမသိကြသေးတဲ့လူတွေမို့လို့ဆိုတာယုံကြည်တယ်။ ကိုယ်ကတော့ Sinon ရဲ့ tone တွေပေါ်နေတဲ့ body အမိုက်စားနဲ့ Speedo ဝတ်ပြီး နည်းနည်းနောနောအမြင့်မဟုတ်တဲ့ ဒေါက်ဖိနပ်ကြီးကိုစီးပြီး catwalk ကိုကျွမ်းကျင်စွာလျှောက်ပြနေတဲ့ video file ကို အရင်တုန်းက social media မှာစသတိထားမိသွားပြီးသိလာတာ ”

”သူ့ Instagram ကို follow ထားတာဆို ၃ နှစ်ရှိပြီ
သူ့ video တွေကြည့်လိုက်တိုင်းစိတ်ထဲပျော်သွားလို့ အရမ်းချစ်တယ်။ သူငယ်ငယ်တုန်းကသူ့မိဘတွေကသူ့ကို gay ဖြစ်နေလို့ဆိုပြီးအိမ်ပေါ်ကနေနှင်ချခဲ့တော့ ၁၈ လလောက်လမ်းပေါ်မှာပဲနေခဲ့ရပြီး ပလက်စတစ်ဗူးတို့ဘာတို့တွေလိုက်ကောက်စုဆောင်းရောင်းစားရင်းအသက်ဆက်ရှင်ခဲ့ရတယ် နောက်ပိုင်းမှ London မှာနေနေတဲ့သူ့အစ်မကသူနဲ့လာနေဖို့ပြောတော့မှ London မှာ ၇ နှစ်လောက်သွားနေခဲ့ဖြစ်ရင်းအိမ်အကူတောင်လုပ်ပြီးအလုပ်ရှင်ရဲ့ psychical abuse လုပ်တာခံခဲ့ရတယ်”

” သူရဲ့ talent ကိုပြောရမယ်ဆိုရင်တော့ သူ့ရဲ့ Catwalk skills ကအကြမ်းကြီး ? ⚡️ သူကပရဟိတစိတ်လည်းအလွန်ထက်သန်တဲ့သူတစ်ယောက်ပါ သူ့အစ်မအတွက်လည်းကျောက်ကပ်တစ်ခြမ်းလှူပေးထားတာပါ ၁၀ လက်မအမြင့်ရှိတဲ့ high heels ကြီးနဲ့ catwalk လျှောက်ရင်းပိုက်ဆံရှာပြီး homeless တွေကိုထောက်ပံ့ပေးနေတဲ့သူပါ ။

” သူရတဲ့ပိုက်ဆံတွေနဲ့ donate လုပ်ထားတာတွေမှအများ.ကြီးပဲ Philippines က နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့လည်းအလုပ်တွဲလုပ်သူပါ။ သူ့ကို ‘The King Of Catwalk’ ဆိုပြီးတစ်ကမ္ဘာလုံးကတောင်သိတဲ့ worldwide fame ကိုပိုင်ဆိုင်ထားတဲ့လူပါ သူလိုလူကိုယ့်နိုင်ငံလာတာကို ကိုယ်ကတော့ကျေးဇူးတောင်တင်သေးတယ်သူ့ကြောင့် ကိုယ်တွေမြန်မာနိုင်ငံကိုတစ်ကမ္ဘာလုံးကသူ့ followers ဌေတွသိလာကြမှာ ချစ်တယ် ?” လို့ ဆိုပြီး ပုံလေးတွေနဲ့အတူ သူမရဲ့ ဖေ့စ်ဘုတ် စာမျက်မှာရေးသားဖော်ပြပေးခဲ့ပါတယ်။

ဒီအကြောင်းအရာလေးတွေကိုရေးသားဖော်ပြခဲ့တာကတော့ စူးရှနိုင်နဲ့ Sinon တို့ရဲ့ပရိသတ်တွေအြတွက် ရေးသားခဲ့တာဖြစ်ပါတယ်။

Source – Sue Sha ning’s fb

(Visited 2329 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ