Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လူတွေကိုပျော်ရွှင်အောင်လုပ်ပေးလို့ စိုင်းစိုင်းခမ်းလှိုင် ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အမေစု

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားလှတဲ့ အဆိုတော်တွေက တစ်ယောက်အပါအဝင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူတည်ထောင်ထားတဲ့ Frenzo အဖွဲ့နဲ့အတူ ပြည်ထောင်စုနေ့မှာ ရခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ စိုင်းစိုင်းခမ်းလှိုင်တို့ frenzo အဖွဲ့ဟာ ရှမ်းပြည်နယ်က ပြုလုပ်တဲ့ ပြည်ထောင်စု နေ့ညစာစားပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ကြပြီး သူတို့ရဲ့ဖျော်ဖြေမှုကို နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အစအဆုံးလာရောက်ကြည့်ရူ့သွားခဲ့လို့ အတိုင်းမသိဝမ်းသာရကြောင်းပြောပြလာပါတယ်။

အဲ့ဒါကတော့ ” ပြည်ထောင်စုနေ့အမှတ်တရရှမ်းပြည်နယ်ကဖိတ်လို့ ဒီနေ့ညပွဲမှာ မေတ္တာနဲ့ဖျော်ဖြေပါတယ် ညစာစားပွဲပြီးတော့ ကျနော်တို့ဖျော်ဖြေမယ့် စင်ဖက်ကိုကူးလာပြီး Frenzo အဖွဲ့ကို အစအဆုံးထိုင်ကြည့်သွားပါရောဗျာ လူတွေကိုပျော်ရွှင်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်တဲ့ နှလုံးပီတိ ဂွမ်းဆီထိပါပဲ ထပ်ကြိုးစားဦးမယ်ဗျာ” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူတို့အဖွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို သူကဖော်ပြခဲ့ပါသေးတယ်။ အဲ့ဒီပုံထဲမှာတော့ အတိုင်းမသိပျော်ရွှင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ လူငယ်တွေကို ခွန်အားတွေပေးပြီး အားပေးတက်တဲ့ အမေစုရဲ့အပြုံးတွေကလဲ ကျက်သရေရှိလွန်းလှပါတယ်။

စိုင်းစိုင်းခမ်းလှိုင် ရဲ့ပရိသတ်တွေက ပုံလေးတွေကိုကြည့်ပြီး သူနဲ့အတူ ​ ၀မ်းသာပီတိ ဖြစ်နေကြမယ်လို့ ထင်ပါတယ်နော် ။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – Sai Sai Kham Leng’sfb

(Visited 1775 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ