Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Personal အင်တာဗျူးတွေကို ကြိုတင်ခွင့်ပြုချက် ယူပေးဖို့ တောင်ဆိုလိုက်တဲ့ နေတိုး

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်နေတိုးဟာ ပရိသတ်တွေနဲ့ အဆင်ပြေသလို သတင်းမီဒီသမားတွေနဲ့လဲ အလွန်မှ အဆင်ပြေလှပါတယ်။ သူဟာ မာန်မာန မရှိသလို အေးအေးဆေးဆေးနဲ့ အဆင်ပြေစွာ နေထိုင်တက်သူ တစ်ယောက်လဲ ဖြစ်ပါတယ်။ အင်တာဗျူးတွေကိုလဲ အကောင်းဆုံဖြေဆိုပေးသူဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တွေကို လဲ များစွာသိမ်းပိုက်ထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ဦးလဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ နေတိုးရဲ့ ဘက်ကနေ သတင်းမီဒီယာတွေကို မေတ္တာရပ်ခံလာတဲ့ တောင်းဆိုလာတဲ့ အကြောင်းအရာတစ်ချို့ ရှိလာပါတယ်။ ယခု ဧပြီလ ၁၂ ရက်နေ့ကစတင်ကာ သတင်းမီဒီယာတွေကို အနုပညာလှုပ်ရှားမှုမှလွဲလို့ တခြားသော ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်းလိုတဲ့ အခါ ကြိုတင်ခွင့်ပြုချက်တောင်းယူဖို့ လိုအပ်ပါတယ်ဆိုတဲ့ အကြောင်းနဲ့ အင်တာဗျူးတွေကို ပြန်လည်တင်ဆက်တဲ့ အခါမှာ မေးခွန်းတွေကိုပါ ထည့်သွင်းတင်ပြသွားဖို့ကို တောင်းဆိုခဲ့ပါတယ်။

နေတိုးရေးထားတဲ့ အပြည့်အစုံကတော့ “ သတင်းမီဒီယာများသို. 2019 April 12ရက်နေမှစ၍ အနုပညာလှုပ်ရှားမှု သတင်းများမှအပ တခြား personal ကိုယ်ရေးကိုယ်တာ မေးခွန်းများအားမေးမည်ဆိုပါက (မေးမည့်အကြောင်းအရာ များကို ကြိုတင်ခွင့်ပြုချက်ယူပေးကြပါရန်) နဲ့ ပရိသတ်များ နားထောင် ကြည့်ရှုတဲ့အခါ မှာလည်း အင်တာဗျူး အရသာမပျက်သွားစေရန် (မိမိမေးမြန်းထားသောမေးခွန်းများကိုမိမိအသံနဲ့ သော်လည်းကောင်း စာတန်းထိုးပေး၍ သော်လည်းကောင်း တိကျစွာထည့်သွင်းဖော်ပြပေးကြပါရန် )လေးစားစွာ တောင်းဆိုအပ်ပါသည်ခင်ဗျာ…..မှတ်ချက် …အခုတင်သော post မှာအားလုံးနားလည်သဘောပေါက်နိုင်အောင်ရေးထားပါသဖြင့် ဒီ post နဲ့ ပတ်သက်သောအင်တာဗျူးများ ထပ်မံဖြေမည်မဟုတ်ပါ အားလုံးကိုချစ်ခင်စွာဖြင့်….နေတိုး” ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Snowpiki(MCC)

(Visited 3463 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ