Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Oasix ရဲ့ မိဘအပေါ် သိတက်မှုတွေကို အပြည့်အဝထောက်ခံခဲ့တဲ့ Y- zet

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ အဆိုတော် Y Zet ဟာ Oasix တို့ ရွှေထူးတို့နဲ့ အတူ အောင်မြင်တဲ့ သီချင်းတွေ များစွာထွက်ရှိထားကြပါတယ်။ သူတို့ရဲ့ လူအကြိုက်အများဆုံးသီချင်းတွေကတော့ မမေ့ဆေး၊ ခေးကြောင့်၊ အချစ်နဲ့အချစ် ၊ ကိုကြီး စတဲ့ သီချင်းတွေဘဲဖြစ်ပါတယ်။

အဲ့လိုအတူတူကြိုးစားရုန်းကန်ရင်းအတိုင်းအတာတစ်ခုအောင်မြင်မှုရရှိခဲ့ကြပါတယ်။ အဲ့လိုအောင်မြင်မှုတွေနဲ့ မိဘကိုပြုံးနိုင်အောင် သူကြိုးစားခဲ့ရတာတွေကို Oasix က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူရေးခဲ့တာကတော့ “ဒီလိုလေးပြုံးဖို့ ဒီပုံလေးရဖို့ ကျွန်တော် ၁၂ နှစ်လောက် ကြိုးစားခဲ့ရတယ်…ကျွန်တော် အရမ်းပျော်တယ်…❤️ စာအရှည်ကြီးတခါမှ မရေးဖူးဘူး ဒါပေမဲ့ ၂၀၂၀မှာတော့ ပထမဆုံးအနေနဲ့ ရေးလိုက်ပါတယ်….မွေးကတည်းက ကျွန်တော်အပါအဝင် သားလေးယောက်ကို ဖေဖေနဲ့ မေမေက လိုလေသေးမရှိ ကျွေးမွေးထိန်းကျောင်းခဲ့တယ် “

“ကျွန်တော် ၈တန်းအောင် ၉တန်းတက်ခါနီးမှာ ဖေဖေက တမူးမှာ ဒုခရိုင်တရားသူကြီးအနေနဲ့တာဝန် ထမ်းဆောင်ရင်း အဲ့ဘက်ကရာသီဥတုအေးတာကြောင့် လေဖြတ်သွားခဲ့တယ် ဦးနှောက်ထဲသွေးခဲပြီး အသက်လုကုခဲ့ရတယ် ပြီးတော့ ကိုယ်တစ်ခြမ်း လှုပ်မရတော့ဘူး အခုထိ စကားလည်းပြောလို့မရတော့ဘူး”

“ကျွန်တော်တို့ကြားက ဘာသာစကားက Body Language ပေါ့…အဲဒီအချိန်ကစလို့ စီးပွါးပျက် / ၁၀တန်းအောင် တက္ကသိုလ်အထိ အမေက အိမ်မှာတပိုင်တနိုင် ဆိုင်လေးဖွင့် စျေးထဲမှာစျေးရောင်း လုပ်လို့ရတဲ့နည်းတွေနဲ့ သားတွေကို ကျောင်းဆက်ထားပေးခဲ့တယ် ကျွေးမွေးခဲ့တယ်..ကျွန်တော်တို့မိသားစုကြားမှာ အဲဒီအချိန်က ဒုက္ခတွေနဲ့မို့ အပျော်ဆိုတာ လိုက်ရှာရင်တောင် မတွေ့ခဲ့ဘူး..”

“ဒီလိုနဲ့ တက္ကသိုလ်ရောက်တော့ ကျောက်ဆည် GTC civil မှာ တစ်နှစ်တက်ခဲ့တယ်..၅နှစ်တက်ရမဲ့ ကျောင်းစရိတ် / အကုန် အကျတွေကြောင့် ကျွန်တော် ဒုတိယနှစ်မှာ ကျောင်းထွက်လိုက်တယ်.ရတနာပုံတက္ကသိုလ်ပြောင်းခဲ့တယ်….ကျွန်တော် အသက် ၁၇က စလို့ မုန့်ဖို့မတောင်းဖြစ်တော့ဘူး…ကိုယ့်ပိုက်ဆံကိုယ် ရှာနိုင်ခဲ့တယ်..”

“အိမ်ကမချမ်းသာတာက အပြစ်ထိုင်တင်ဖို့ မဟုတ်ဘူးလေ..ကျွန်တော်ပိုကြိုးစားဖို့ ခွန်အားတွေလို့ပဲ မှတ်ယူခဲ့တယ်…ဘာဖြစ်ဖြစ် သားဘက်က အမြဲရှိပေးတဲ့ မေမေ့ကိုလည်း အရမ်းချစ်တယ်..လူတွေရဲ့အထင်သေးတာတွေ အမျိုးတွေရဲ့ ဒုက္ခရောက်မှ စိတ်ရင်းအမှန်တွေ သိရလို့လည်း လောကကြီးကို ကျေးဇူးတင်တယ်..”

“၂၀ ကျော်မှာ အိမ်ကိုပိုက်ဆံစ ပြန်ပေးနိုင်ခဲ့တယ် အခုအချိန်အထိ အရမ်းအများကြီး မဟုတ်ပေမဲ့ စိတ်ထဲမှာတော့ မိဘကို ပြန်အလုပ်အကျွေးပြုနိုင်တာ အရမ်းပီတိဖြစ်ရတယ်..လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ မေမေနဲ့ဖေဖေတွဲရိုက်ထားတဲ့ပုံမရှိခဲ့ဘူး မိသားစုပုံဆို ပိုဝေးပြီ..သူများမိသားစုတွေတွေ့ရင် တခါတလေတော့ ငေးကြည့်မိဖူးတယ်…”

” ကျွန်တော် ဘဝမှာ အများကြီးမလိုအပ်ပါဘူး စိတ်ချမ်းသာတဲ့ မိသားစုဘဝလေးရယ်…ဒီလို အပြုံးလေးတွေရယ် ပျော်အောင်ထားနိုင်ခွင့်ပေးတဲ့ ကံတရားလေးရယ်..ဘယ်လောက်ခက်ခဲနေပါစေ…မိဘကို ပြန်ကြည့်ပေးပါ…မိဘအတွက် အမြဲစဉ်းစားပေးပါ..ဖေဖေနဲ့မေမေအတွက်လည်း ဒီထက်ပိုကြိုးစားပါ့မယ် ချစ်တယ်❤️ ” လို့ ဆိုကာ Oasix က သူ့ဖေ့စ်ဘုတ်ပါ မိဘတွေရဲ့ ပုံနဲ့အတူရေးသားခဲ့ပါတယ်။

အဆိုပါ ပို့စ်ကို မျှဝေကာ Y Zet က ” အဲ့ကောင်နဲ့ ကျွန်တော် စသိတော့ အဲကောင်အသက် ဒီစာထဲမှာပါတဲ့ ၁၇ နှစ် … ခု ၂၀၂၀ ဆို အဲကောင်နဲ့ ပေါင်းတာ ၁၀ နှစ်ပြည့်ပြီ … ပြောရမယ်ဆို ဒီ ၁၀ နှစ် ဒီကောင့်ရုန်းကန်မှူက ကျွန်တော့ မျက်စိရှေ့ တင်ပဲ …ကျွန်တော်ပြောတာ ယုံပါ …“ အမေ ဘာလို ချင်လဲ .. ကြိုက်တာဝယ် “ လို့ ပြောနိုင်တဲ့ အချိန်ဟာ..ဘဝမှာ တကယ့်ကို လူဖြစ်ကျိုး နပ်ရတဲ့အချိန်တွေထဲက တစ်ခု ပဲ … I’m juz saying or sharing ပါ ..” ဆိုကာ ရေးသားခဲ့ပြန်တယ် ။

သူတို့တွေလို ကြိုးစားရုန်းကန်ပြီး အောင်မြင်လာခဲ့တဲ့ အဆိုတော် တွေကို ပရိသတ်ကြီး ပိုချစ်ပေးကြပါနော်။ သူတို့ကို ချစ်တဲ့ ပရိသတ်ကြီးက မိဘအပေါ် သိတက်တဲ့ နှစ်ယောက်အတွက် အမှတ်တရလေး တွေပြောခဲ့ကြပါအုံးနော်။

Snow (mcc)

(Visited 491 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ