Now & Ever ကို ကြည့်ပြီး ချီးကျူးခဲ့ကြတဲ့ အကယ်ဒမီ မင်းသမီးများ

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေသာမက အနုပညာရှင်တွေရဲ့ ချီးကျူးသံကိုပါ ရရှိခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဖန်တီးပုံဖော်ခဲ့တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံကျော်အနုပညာရှင်တွေသွားရောက်ကြည့်ရှု့ခဲ့ကြပြီး ရုပ်ရှင်ဇာတ်ကားရဲ့ စွဲဆောင်နိုင်မှုတွေကိုပြောပြလာပါတယ်။ အကယ်ဒမီစိုးမြတ်သူဇာကတော့ ငိုခဲ့ရတယ်လို့ဆိုပြီး ပြောပြလာခဲ့ပါတယ် ။

အကယ်ဒမီခိုင်သင်းကြည်ကတော့ ” ဒီနေ့ကြည့်ဖြစ်တဲ့ Now & Ever ပါးပါးလေးနဲဲ့အိုက်တင်အကြီးကြီးတွေလုပ်ပြသွားတာအရမ်းတော် Congratulations ပါသုသုနဲ့ ထာဝရနှောင်ကြိုးအဖွဲ့သားများ ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

မကြီးစိုးကတော့ “ဇာတ်လမ်းထဲမှာ မင်းသားဆေးရုံက ဆင်းလာပြီး အိမ်မှာ သူငယ်ချင်းတွေနဲ့ ညစာစားတော့ မင်းသား နဲ့ မင်းသမီး တယောက်နဲ့ တယောက် ကြည့်နေတဲ့ အခန်း 😢 သူတို့ မျက်လုံးတွေထဲ မှာ စကားတွေအများကြီး ပြောကြတယ် 🥴🥴 စဝ်မျိုးသာဇူ ကြီး မှာတော့ 😩😩😭😭😭”

“အော် အိမ်မှာ legendရောက်အောင် အားကျိုးမန်တက် ဂိမ်းကစားနေတာ အကောင်း အခုတော့ ရုံထဲက ထွက်လာတာ မျက်ရည်နဲ့ မျက်ခွက် 🤪🤪🤪 သို့သော် မကြီး ငို ရတဲ့ အတွက် ဒီရုပ်ရှင် ဖန်တီးသူအားလုံး ပါဝင်သူ အားလုံး ကို အထူး လေးစား မိပါတယ် လို့ သုသုရေ ချစ်တယ် နော် ❤️” လို့ဆိုကာ ပြောခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ “Now And Ever” ရုပ်ရှင်က Ro ပြီးတော့ လက်တွေ့ မဆန်တဲ့ အချစ်ကားမျိုး မဟုတ်ဘူး။ လက်တွေ့ဆန်တဲ့ အချစ်ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်ကားမှာ ဘာဖြစ်မလဲ .. ဘာဖြစ်မလဲ .. ဆိုတဲ့ တွေးစရာလေးတွေ ပါတယ်၊ အဲ့ဒါအပြင် ရုံပြင်ထွက်လာတဲ့အထိ တွေးမိနေတုန်းဘဲ ” လို့လဲ ​အကယ်ဒမီ သရုပ်ဆောင် ၀တ်မှုန်ရွှေရည် ကပြောပြခဲ့ပါတယ်။

ချစ်ပရိသတ်တွေရော ကြည့်ရှု့ပြီးကြပြီလား သုံးသပ်ချက်လေးတွေကိုပြောပြခဲ့ကြပါအုံးနော် ။ အားလုံးက်ုကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – wuttmhoneshweyi’sfb ,soemyatthuzar’sfb,khaingthinkyi’sfb

(Visited 4895 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ