NEWS

PhotoGrid_1568954585085
0

သူ့အတွက် ၂၇နှစ်ပြည့်မွေးနေ့က အပျော်ဆုံးပါဘဲလို့ ပြောလာတဲ့ ရွှေထူး

အချစ်သီချင်းတွေ ၊အသည်းကွဲသီချင်းတွေနဲ့ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တဲ့ အဆိုတော်ရွှေထူးဟာ ပတ်ပတ်စက်စက်ညှို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်မှုတစ်ခုရရှိလာခဲ့ကာ ယနေ့အချိန်မှာဆိုရင် ရုပ်ရှင်ကားကြီးတွေ များစွာ ရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသားတစ်လတ်လို့လဲ ပြောရမှာပါ။ သူဟာ စက်တင်ဘာလ(၁၉)ရက်နေ့မှာတော့ အသက်(၂၇)နှစ်ပြည့် မွေးနေ့ကိုရောက်ရှိခဲ့ပြီဖြစ်ပြီး ဒီမွေးနေ့က သူ့အတွက် ပြီးပြည့်စုံမှုတွေနဲ့ အပျော်ဆုံးေမွေးနေ့ ဖြစ်ခဲ့တယ်လို့လဲ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူရေးသားခဲ့တာကတော့ “ ဘဝမှာပထမဆုံးသော အပြည့်စုံဆုံးသော အပျော်ရွှင်ရဆုံးသော မွေးနေ့လေးဖြစ်ခဲ့ရပါတယ်ဗျာ… ချစ်ကြ ခင်ကြ တန်ဖိုးထားကြတဲ့ ကျွန်တော့်ကိုချစ်သော ကျွန်တော်ချစ်ရသော မိတ်ဆွေ ပရိသတ် ညီအကိုမောင်နှမ သူငယ်ချင်း မွေးနေ့ဆုတောင်းပေးကြသူ အပေါင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ… 🙏🙏🙏( ဘာကြောင့်အဲ့လောက်ပျော်ရွှင်ရတဲ့ ၂၇ နှစ်ပြည့်မွေးနေ့ဖြစ်လည်းဆိုတာ မကြာခင်သိရပါမယ်ခင်ဗျာ )” လို့ ဆိုပြီး […]
PhotoGrid_1568887821645
0

မူးယစ်ရမ်းကားမှု နဲ့ ပစ်ခတ် ဖမ်းဆီး ခံခဲ့ရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်း

အနုပညာလောကမှာ အချိန်ကာလတစ်ခုကြာအောင် အောင်မြင်မှုတွေရရှိခဲ့တဲ့ သရုပ်ဆောင် လင်းလတ်ဟိန်းဟာ အနုပညာလောကနဲ့ အတော်ကြာကြာ အဆက်အသွယ်ပြတ်ခဲ့ပြီး ယနေ့မှာတော့ သူ့ရဲ့သတင်းတစ်ခုကို စိတ်မကောင်းစွာ ကြားသိခဲ့ရပါတယ်။ သူဟာ MTV တွေ ၊ ကြော်ငြာတွေ၊ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေ များစွာရိုက်ကူးခဲ့ပြီး ဗီဒီယို လောကကျဆင်းသွားချိန်မှာတော့ အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဘဲ ဖြစ်ပါတယ်။ သူဟာ ယနေ့မှာတော့ သံတုတ်နှင့် ကပ်ကြေးကိုင်ဆောင်ပြီး မူးယစ်ရမ်းကားနေသူအဖြစ် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ ရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သတင်းအပြည့်ကတော့ – သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ ရတနာပုံလမ်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၅နာရီခွဲက သံတုတ်နှင့် ကပ်ကြေးကိုင်ဆောင်ပြီး မူးယစ်ရမ်းကားနေသူ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် လင်းလက်ဟိန်းကို ၁၂ […]
PhotoGrid_1568882519631
0

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ထာဝရနှောင်ကြိုး လာပြီနော်

မြန်မာနိုင်ငံကပရိသတ်တွေကို ရုပ်ရှင်ကားကြီးနှစ်ကားထဲနဲ့ သိမ်းပိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ ဇနီးမောင်နှံဟာ ယခုအခါမှာတော့ သူတို့ရဲ့ တတိယမြောက်ခြေလှမ်းချစ်တဲ့ Now & Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေထံချပြလို့လာခဲ့ပါပြီ။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကလဲ အရမ်းကိုမျှော်လင့်စောင့်စားနေကြပြီး စက်တင်ဘာလ (၁၈)ရက်နေ့ ညမှာတော့ NOW & EVER TEASER (ထာဝရနှောင်ကြိုး ရုပ်ရှင် teaser) အမြည်းလေးကို ချပြခဲ့ပါတယ်။ အဆိုပါ NOW & EVER TEASER (ထာဝရနှောင်ကြိုး ရုပ်ရှင် teaser အမြည်းပါ)ကို တင်ပြီးချိန်၁၂နာရီအတွင်းမှာဘဲ ကြည့်ရှု့သူ နှစ်ရာလေးဆယ့်သုံးသိန်းကျော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကမင်းသမီးအဖြစ် အကယ်ဒမီ ပိုင်ဖြိုးသုက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူတို့ရဲ့ အကြည့် အပြုံးနဲ့ သရုပ်ဆောင်ချက်တွေက သိပ်ကို ကြည်နူးစရာကောင်းလှပါတယ်။ NOW […]
PhotoGrid_1568876903095
0

သိတက်လွန်းတဲ့ ချစ်သူလေးကြောင့် အရမ်းစိတ်ချမ်းသာနေရတယ်ဆိုတဲ့ ထွန်းထွန်း

ရည်းစားများတဲ့ စော်ကြည်ဘဲအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးနေပေမယ့် လက်ရှိမှာတော့ အရမ်းကိုကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပါပြီ လို့ ထွန်းထွန်းတစ်ယောက် ပြောလာပါတယ်။ သူဟာ ရည်းစားတွေများခဲ့ပေမယ့် လက်ရှိချစ်သူလောက်ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့အချစ်ရေးမျိုး မဆုံခဲ့ဖူးဘူးလို့လဲ ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့ အပြည့်အစုံကတော့ “ ခုတလောအရမ်းစိတ်ချမ်းသာရတယ်..အမြဲတမ်းကြည်နူးရတယ်… အတူတူရှိမနေတဲ့အချိန်တွေမှာတောင် အနားမှာအမြဲရှိနေသလို ခံစားရအောင်ထားတယ်.. သဝန်တိုစိတ်မချဖြစ်စရာတွေ ခေါင်းထဲရောက်မလာအောင်သူမက ထားပေးတယ်” “သူမနဲ့ဆို စိတ်ကအမြဲ secure ဖြစ်နေတယ်။ မပူလောင်ရဘူး။ ဘဝမှာလူ တစ်ယောက်ကြောင့် တစ်ခါမှ ဒီလောက်စိတ်မ ချမ်းသာခဲ့ရဖူးဘူး။ သေချာတာတစ်ခုကတော့ဗျာသူမကို ကျွန်တော် အဆုံးရှုံးမခံနိုင် လောက်အောင်ချစ်တယ် ..🦋 💞အရမ်းချစ်တယ်…” လို့ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။ ထွန်းထွန်းဟာ ချစ်သူကောင်မလေးဘယ်သူဘယ်ဝါဆိုတာကိုတော့ ဖော်ပြခြင်းမရှိသေးပေမယ့် သူ့ကောင်မလေးကို သိပ်ချစ်တဲ့အကြောင်း လွမ်းတဲ့အကြောင်း၊ အနားမှာ အတူရှိလဲလွမ်းတယ် […]
PhotoGrid_1568817008408
0

အာဃာတတွေနဲ့ နိုင်ငံကိုမတည်ဆောက်ပါနဲ့ ဆိုတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ကိုဇေသီဟ

လွန်ခဲ့တဲ့နှစ်အတော်ကြာကြာက ပြည်သူတွေကြားမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ အကယ်ဒမီ မင်းသမီးကြီး နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူဟာ မိသားစုနဲ့ပတ်သက်ပြီး ပျော်စရာကောင်းတဲ့အကြောင်းအရာတွေကိုဝေမျှလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ သူ့မိသားစုတင်မက သူ့ဝန်ထမ်းတွေဖြစ်တဲ့ ဇေကမ္ဘာမိသားစုရဲ့ အတွက်ကိုပါ ကားကွယ်ပေးခြင်တဲ့ အကြောင်းတွေကို ပြောပြလာခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ” ကျွန်တော့ မိသားစုကို ကာကွယ်ခွင့်ပြုပါ။ ကျွန်တော်တို့ကို အားထားနေသော ဇေကမ္ဘာ မိသားစုဝန်ထမ်းများကို ကာကွယ်ခွင့်ပြုပါ။မည်သူ့ကိုမှ စော်ကားလိုစိတ် မရှိပဲ ကာကွယ်ရုံသက်သက်သာ ဖြစ်ပါတယ် ။ ပြည်သူတွေကို အနိုင်ပေးလိုက်တဲ့အခါ သေးနုပ်သွားတယ် သိမ်ငယ်သွားတယ်ဆိုတာ မရှိပါဘူး။ ကျေနပ်သွားတယ်။အောင်မြင်သွားတယ်ဆိုတာပဲရှိပါတယ်။ အာဃာတတွေ အမုန်းတွေနဲ့ နိုင်ငံကို မတည်ဆောက်ကြပါနဲ့ ” ” ပြည်သူကို အနိုင်ပေးဖို့အတွက် ဘဝတွေဆုတ်ပြတ်သွားအောင် ခံခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိခဲ့တယ်။ သေဆုံးသွားတဲ့ သားကောင်းရတနာတွေ အများကြီးရှိခဲ့တယ်။ သူတို့အားလုံး ပြည်သူတွေ […]
PhotoGrid_1568807713494
0

သူများဘယ်လိုမြင်မြင် ကိုယ့်ကိုကိုယ် အရမ်းမိုက်နေဖို့ဘဲဆိုတဲ့ ရွှေအိမ်စည်

ပရိသတ်တွေချစ်တဲ့ အလှမယ်လေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ရွှေအိမ်စည်ဟာ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေရိုက်ကူးလာပါပြီ။ သူမက ငယ်ငယ်လေးနဲ့အောင်မြင်ခဲ့တယ် ဆိုပေမယ့် သူမကိုယ်သူမ အကောင်းဆုံးဖြစ်အောင် ရင့်ကျက်သူတစ်ယောက်ဖြစ်အောင်းကြိုးစားနေထိုင်ခဲ့သူပါ။ ဝေဖန်သံတွေထိုးနက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စိတ်ဓာတ်မကျသွားဘဲ အောင်မြင်မှုတွေကို ယုံကြည်မှုရှိရှိနဲ့ ကြိုးစားတိုက်ယူခဲ့သလို သူမဘက်က အားပေးဝန်းရံကြတဲ့ပရိသတ်တွေကလဲ မနည်းလှပါဘူး။ အိမ်စည် ဟာ သူ့ကိုယ် သူအမြဲယုံကြည်မှုအပြည့်ရှိတယ်ဆိုကို သူ့ရဲ့အပြုအမူနဲ့မျက်နှာထားက ပြောပြနေပါတယ်။ ယခုအခါမှာလဲ သူမရဲ့ကိုယ်လုံးအလှလေးကို ထင်းနေအောင်ပေါ်နေစေတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ကာ သူများအမြင်မှာဘယ်လိုဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အရမ်းမိုက်နေတယ်ထင်ရင် ပီးတာဘဲ ဆိုပြီး အမိုက်စားပုံလေးတွေနဲ့ အတူ ရေးသားခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ အပြည့်အစုံကတော့ ” အမြဲတန်းလှလှပပဖြစ်အောင် ပြင်ပြင်ဆင်ဆင်နေနေတယ်ဆိုတာ ဘယ်သူ့ကိုမှ အလှပြဖို့မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုimpress လုပ်ချင်လို့ပါ. သူများအမြင်က ဘာပဲဖြစ်နေ ကိုယ့်ကိုယ်ကို အရမ်းမိုက်နေတယ်ထင်ရင် ပီးတာပဲ😁 […]
PhotoGrid_1568733602219
0

မွေးနေ့ အမှတ်တရ မိဘတွေကို သိန်း၃၀၀ နဲ့ ကန်တော့ခဲ့တဲ့ ပိုင်တံခွန်

ကောင်မလေးတွေရဲ့ အသည်းကျော်ဖြစ်နေတဲ့ မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ဟာ ယနေ့မှာတော့အသက် ၂၃နှစ်ပြည့်ခဲ့ပါပြီ။ သူဟာ ယနေ့မွေးနေ့အမှတ်တရအနေဖြင့် မိဘတွေကို သူရတဲ့ အနုပညာကြေး သိန်း ၃၀၀ နဲ့ ကန်တော့ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာလဲ အထိုက်အလျောက်အောင်မြင်မှုရှိခဲ့သလို ထိုင်းနိုင်ငံမှာတော့ မိန်းကလေးတိုင်းရဲ့ အသည်းကို ဖမ်းဆုတ်ထားနိုင်သူလို့ ဆိုနိုင်ပါတယ်။ အဲ့လို မိဘတွေကို ကန်တော့တယ်ဆိုတဲ့ အကြောင်းကို သူငယ်ချင်းဖြစ်သူက ” Happy birthday Paing Takhon ရေ အမြဲမိဘအတွက် ကြည့်တဲ့သား မင်းဘယ်တော့ မှ ဒုက္ခမရောက်ဘူး 😇 သိန်း၃၀၀ ကန်တော့တယ်ကြည်နူးစရာကောင်းလိုက်တာ … အားလည်းကျပါတယ် ဒီလိုမိဘကို ပေးနိုင်အောင် ပိုကြိုးစားမယ် ❣️” လို့ ဆိုကာ ပိုင်တံခွန်ကြီးကို အားကျကြောင်း ဗီဒီယိုလေးနဲ့ အတူ ကျော်ရဲမြင့်ငြိမ်း က […]
PhotoGrid_1568694822271
0

မင်္ဂလာဆောင်တဲ့ အချိန်က ဗိုက်၆လရှိနေပြီ ဆိုတဲ့အကြောင်းပြောပြလာတဲ့ စမိုင်းလ် ရဲ့ ခင်ပွန်း

အရမ်းကို ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ပရိသတ်တွေအားကျခဲ့ရတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံမှာလဲ အတိတ်က အခက်အခဲတွေများစွာကိုကျော်ဖြတ်ပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ အကြောင်းအရာတွေကို ယနေ့ကြရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်(၁၅)နှစ်ပြည့်မှာ ဖွင့်ဟပြောဆိုလာပါတယ်။ သူတို့နှစ်ယောက်မှာ ကျောင်းတက်နေရင်း ဗိုက်ကြီးသွားတာမို့ ငယ်ရွယ်သူဖြစ်လို့ အခက်အခဲများစွာရှိခဲ့တဲ့ အကြောင်းကိုပြောပြလာပါတယ်။ စမိုင်းလ် ရဲ့ ခင်ပွန်း ပြောခဲ့တာကတော့ ” September 17th 2004. ၂ယောက်သားကျောင်းတက်ရင်းဗိုက်ကြီး၊ ငယ်လည်းငယ်သေးတော့ဘာလုပ်ရမှန်းလဲမသိ။ မင်္ဂလာသွားဆောင်တော့မိန်းမဗိုက် ၆လ။ အဲဒီWedding Dress ကဆိုင်ကနေ £99 နဲ့သွားဝယ်ပြီး ညနေချက်ချင်းပြန်သွားပြီး refund လုပ်ခဲ့တဲ့ dress လေး။ Suit က Bouncer လုပ်တော့ Security company ကပေးတဲ့ uniform. ဖိတ်ထားတဲ့လူ ၅ယောက်ကို ပွဲပြီး Lunch ကျွေးဖို့ပိုက်ဆံမရှိလို့သူတို့ကပြန်ကျွေးသွားကြတယ် ” […]
PhotoGrid_1568686962905
0

မြမြ ရုပ်ရှင်ဇာတ်ကား ရဲ့ အဓိမင်းသားမှာ ဖြိုးမြတ်အောင် ပါ

မြမြရုပ်ရှင်ဇာတ်ကားဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာပါပြီ။ ဝါရင့်မင်းသမီး တစ်ယောက်နဲ့ သရုပ်ဆောင် မင်းသားသစ်၂ယောက် ၊ လူကြမ်း ၃ယောက်တို့နဲ့ ရိုက်ကူးမှာဖြစ်လို့ အားလုံးက အရမ်းတွေ စိတ်ဝင်စားနေကြပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြမြနေရာမှာ သရုပ်ဆောင်မယ့် မင်းသမီး၊ လူကြမ်းသရုပ်ဆောင် ၃ယောက်နဲ့မင်းသားတစ်ယောက် ကိုတော့ ထုတ်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုထပ်မံထုပ်ပြလိုက်တဲ့ မင်းသားတစ်လတ် ကတော့ ပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသားတေးသံရှင်ဆုပိုင်ရှင်၊ Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင် ဘဲဖြစ်ပါတယ်။ ဖြိုးမြတ်အောင် ဟာ လက်ရှိမှာတော့ သီချင်းတွေတင်မကဘဲ ကြော်ငြာတွေလဲရိုက်ကူးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူက မကြာခင်မှာတော့ မြမြရဲ့ မင်းသားအဖြစ်နဲ့ ပါဝင်ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေက ဖြိုးမြတ်အောင်ကို အားပေးလိုက်ကြပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ပရိသတ် ကြီးမျှဝေသွားဖို့မမေ့ပါနဲ့နော်။ […]
PhotoGrid_1568650035887
0

အမေကြမ်းပြန်လာပါပြီ လို့ ဆိုတဲ့ ဖြူဖြူကျော်သိန်း

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကြားမှာ အရမ်းကို ဟစ်ဖြစ်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ မြန်မာနိုင်ငံရဲ့ လေဒီဂါဂါလို့ တင်စားခံရလောက်အောင်ကို ဖက်ရှင်တွေကအရမ်းလန်းခဲ့ပါတယ်။ သူမဟာ ခေတ်ရှေ့ပြေးတဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေစိတ်ဝင်စားအောင် အမြဲ ဖန်တီးလေ့ရှိပြီး သူမရဲ့ဖက်ရှင်တိုင်းကိုလဲ ပရိသတ်တွေက အရမ်းသဘောကြခဲ့ကြတာပါ။ သူမက မကြာသေးခင်ရက်ပိုင်းကတူမလေးရှိတဲ့ပြည်ပကိုရောက်ရှိနေခဲ့ပြီး ယနေ့မှာတော့ပြန်လာပြီလို့ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လေယာဉ်ပေါ်မှာ သူငယ်ချင်းအသစ်တစ်ယောက်ရရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုလဲ ရေးသားခဲ့ပါသေးတယ်။ သူမရေးသားခဲ့တာကတော့ ” ပြန်လာပြီလေ😊… လေယာဉ်ပေါ်တစ်ညလုံးမအိပ်ပဲရုပ်ရှင်ကြည့်လိုက်😁 ဘေးခုံကသူငယ်ချင်းအသစ်နဲ့စကားတွေပြောလိုက်😁 ဘန်ကောက်ရောက်တော့မျက်တွင်းလေးကိုချောင်ကျလို့😂 ဒါတောင်ခုလိုသတ္တိရှိရှိရူပါဒါနပြုရဲသေးတာနော်😉ကဲကဲ…အားလုံးပဲရှောင်ကြရှားကြ…အမေကြမ်းပြန်လာပြီလို့!🤣” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းဟာ လက်ရှိ ရုပ်သံလိုင်းတွေမှာပြသနေတဲ့ မြန်မာအိုက်ဒေါ Season 4ရဲ့ ဒိုင်တစ်ဦးအနေဖြင့်လဲ ပါဝင်ထားတာကိုတွေ့မြင်ရမှာပါ။ ဖြူဖြူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ Source – phyu phyu kyaw thein’sfb