Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပရိသတ်ကြီးအတွက် အနုပညာရှင်တွေရဲ့ နှစ်သစ်ဆုတောင်းစကားများ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ အနုပညာရှင်တွေအဖြစ်ရပ်တည်နေကြတဲ့ မင်းသားမင်းသမီးတွေနဲ့အဆိုတော်တွေကနေ သူတို့ချစ်တဲ့ ပရိသတ်ကြီးအတွက် နှစ်သစ်ဆုတောင်းစကားတွေပြောပေးခဲ့ကြပါတယ်။ ပရိသတ်တဲ့ ဘယ်အနုပညာရှင်တွေက ဆုတောင်းစကားဆိုခဲ့လဲ ဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။

ဂန္တဝင် ” ၁၃၈၂ခု, မြန်မာနှစ်ဆန်းတစ်ရက်နေ့ မဂ်လာရှိသော နှစ်သစ်အခါသမယမှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာ ပြည့်စုံပါစေအလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပြီး စိတ်ကူးဆန္ဒ ကြံစည်သမျှ အားလုံးပြည့်စုံနိုင်ပါစေ 🙏🙏🙏ဥစ္စာစီးပွား များပြားချမ်းသာ ဒီရေ ပမာ တိုးတက်ကြီးပွားနိုင်ကြပါစေ ဘေးကင်းရန်ကွာ စိတ်ချမ်းသာပြီး ကြည်လင်ငြိမ်းချမ်း အေးမြချမ်းသာ ရှိကြပါစေ🙏 ကပ်ရောဂါဘေးကင်း၍ ကံကောင်းခြင်းတွေနဲ့အတူ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏”

ခိုင်သင်းကြည် ” ယနေ့မြန်မာနှစ်ဆန်း၁ရက်နေ့တွင် မြတ်စွာဘုရားအားပဌာန်းရွတ်ဖတ်ပူဇော်ပါသည်🙏🙏🙏ဘုရားဆင်းတုတော်များနှင့်ဘုရားကျောင်းဆောင်အားရောင်တော်ဖွင့်,အမွှေးဆပ်ပြာဖြင့်ရေသပ္ပါယ်ပြီးသန့်ရှင်းရေးလုပ်ကာပူဇော်ပါသည်🙏🙏🙏ထိုပြုသမျှကုသိုလ်ကြောင့်တပည့်တော်မမိသားစုနှင့်ကမ္ဘာသူကမ္ဘာသားအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းယနေ့နှစ်ဆန်းတရက်နေ့မှစပြီးတနှစ်ပတ်လုံးစိတ်ဖြူဖုံး,ရွှင်ပြုံးကြည်သာရှိပါစေ,ကုသိုလ်ကျန်းမာပညာစီပွါးဒီရေလားတိုးပွါးကြပါစေ🙏🙏🙏ဗိုင်းရပ်ရောဂါဆိုးအန္တရာယ်မှလည်းကင်းဝေးကြပါစေရှင်🙏🙏🙏ဆရာ@ Eric Yang ပေးပို့တဲ့စနိုးပူတင်းလေးပါဘုရားကပ်လိုက်ပါတယ်ရှင့်🙏🙏🙏ဆရာ့မိသားစုနဲ့မုန့်လာပို့ပေးတဲ့ကိုထွန်းမင်းဝင်းတို့လဲကျန်းမာချမ်းသာကြပါစေရှင်🙏”

ကျော်ကျော်ဗို “မြန်မာနှစ်ဆန်း ၁ ရက်နေ့ သရဏဂုံ ၉၉၉ ခေါက်ရွတ်ဆိုပြီးစီး 🙏🙏🙏အောင်ပြီ… အောင်ပြီ…အောင်ပြီ ပြု့အပ်သောကုသိုလ်အပေါင်းအား အနန္တစကြာဝဠာအတွင်းကျင်လည်ကုန်ကြသောအနန္တသတ္တဝါတို့ အေးချမ်းစွာရရှိကြပါစေ။🙏🙏🙏”

ခါရာ ” ယနေ့ကျရောက်တဲ့ မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ မှာ မြတ်စွာဘုရား ဆင်းတုတော်များ ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆွမ်း ၊ ဆီမီး ကပ်လှူခြင်း ပြုရသော ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ၊ ခုနစ်ရက်သားသမီး အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ကပ်ရောဂါဆိုးများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေ 🙏🏼🙏🏼🙏🏼”

little’z ” 🎉🎉Happy new year everyone✨✨💫 နှစ်သစ်မှာ ရောဂါဘယ ဝေးလို့ တနေ့ထပ် တနေ့ ကူးစက်မှုတိုးလာတဲ့ ရောဂါကပ်ဘေးကြီးကနေ လွတ်ကင်းပြီး စီးပွားရေး အကျပ်အတည်းမရှိ အေးချမ်းသော ဘဝကို အခုကစလို့ ရရှိနိုင်ကြပါစေ ဗျား 🖖🏼🖖🏼🖖🏼”

သက်မွန်မြင့် “အားလုံး မင်္ဂလာရှိသော နှစ်သစ် ဖြစ်ကြပါစေရှင်!🙏🏻🙏🏻🙏🏻 သင်္ကြန်တွင်း အဓိဌာန်ဝင် ဘုရားရှိခိုးမှု ကုသိုလ်ရယ် ဒီနေ့ နှစ်ဆန်းနေ့ ဥပုသ်ယူရတဲ့ ကုသိုလ်ရယ်ကို ၇ ရက်သားသမီး အားလုံး အမျှပေးဝေပါတယ်.. ကိုယ်နိုင်သလောက် ရသလောက်လေးပေါ့!်ဤကောင်းမှုကြောင့် ကမ္ဘာသူကမ္ဘာသားအားလုံး ကပ်ရောဂါဘေးမှ အမြန်လွတ်ကင်းနိုင်ကြပါစေ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်🙏🏻🙏🏻🙏🏻(ရသမျှ အရာရာတုန်းက ပုံလေးပါ.. အပြင်မထွက်ပါဘူးနော်)😉”

ဝတ်မှုံရွှေရည် ” မြန်မာနိုင်ငံသူ နိုင်ငံသား ကမ္ဘာသူ ကမ္ဘာသား အားလုံး ကြုံတွေ့နေရတဲ့ ရောဂါဘေးမှ အမြန်ဆုံးကျော်လွှားနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးကင်းကြပါစေ”

မိစန္ဒီ “နှစ်သစ်မှာ ပရိတ်သတ်ကြီး အန္တရာယ်ကင်း ဘေးရှင်းပြီး အခက်အခဲ မှန်သမျှ ရင်ဆိုင်ကျော်လွှားနိုင်ပါစေ ❤️ ကိုယ်ရော စိတ်ရော အမြဲကျန်းမာချမ်းသာကြပါစေ 😍🥰 ဆန္ဒရှိသမျှ အကုန်ပြည့်ဝကြပါစေ 😘”

Sinon” မြန်မာနိုင်ငံနိုင်ငံသားတို့ အားလုံးပျော်ရွှင်ဖွယ် နှစ်သစ်ကူးလေးပါ ကျတော်မြန်မာကိုချစ်တယ်မြန်မာတွေရဲ့ဖြူစင်တဲ့နှလုံးသားတွေကိုချစ်တယ် ချစ်တယ်မြန်မာ ပျော်ရွှင်ဖွယ်နှစ်သစ်ကူး🇲🇲”

တိုင်ရွန် ” 🙏 မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ် ယခုချိန်မှစပြီး အားလုံး စိတ်နှလုံးရွှင်လန်း အေးချမ်းကြပါစေ 🙏 ကျရောက်နေတဲ့ ကပ်ရောဂါဆိုးကြီးကို အမြန်ဆုံး ဘေးမသီ ရန်မခ ဖြတ်ကျော်နိုင်ကြပါစေ 🙏 ၇ ရက်သားသမီးအပေါင်းလဲကျန်းမာချမ်းသာကျပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ် 🙏”

ချမ်းမင်းရဲထွဋ် “ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် အိမ်က ဘုရားဆင်းတုတော်များနှင့် ကျောင်းဆောင်အား ရောင်တော်ဖွင့် သန့်ရှင်းရေးပြုလုပ်ပူဇော် ပါသည် 🙏🏽🙏🏽🙏🏽 ထိုကုသိုလ်ကြောင့် သတ္တဝါအပေါင်း ဘေးရောဂါအန္တရာယ် ကင်းဝေးကြပါစေ Happy Myanmar New Year everyone” လို့ဆိုကာ အသီးသီးဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

ချစ်ပရိသတ်ကြီးကလဲ ယူတို့ရဲ့ အိုက်ဒေါတွေအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုံးနော်။ ချစ်ပရိသတ်အပေါင်း ကပ်ဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Snow(mcc)

(Visited 757 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ