Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သရုပ်ဆောင်ကောင်းရုံတင်မကဘဲ ဟင်းချက်ပါကောင်းတဲ့ အိမ်ရှင်ထီးကြီး ဦးခင်လှိုင်

ခေတ်တွေပြောင်းပြီး အသက်အရွယ်တွေကြီးလာခဲ့ပေမယ့် သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ယနေ့ချိန်ထိ ပရိသတ်ကြားမှာ အောင်မြင် နေတဲ့ဦးခင်လှိုင်ကတော့ ယခုနောက်ပိုင်းတွေမှာ အချက်အပြုတ်တွေ လုပ်ဖြစ်နေကြောင်းကို ပြောပြလာပါတယ်။ သူက သရုပ်ဆောင်ကောင်းရုံတင်မက အစားအသောက်တွေကိုလဲ အကောင်းဆုံးဖြစ်အောင် ချက်ပြုတ်တက်သူဖြစ်လို့မိန်းမရဲ့အချစ်တွေကိုလဲ အပြည့်အဝရရှိထားသူပေါ့။

သူက ယခုအခါမှာလဲ ပရိသတ်ကြီး သရေကျစေမယ့် သူ့မိန်းမ သိပ်ကြိုက်တဲ့ ဟင်းလျာတစ်မျိုးကို ချက်ပြုတ်ခဲ့ကြောင်း ကို ” မိသားစု 🍳🍔🍗🥐ညစာလေး..မငွေသိမ်းအကြိုက် BKK..စတိုင်..စိန်တစ်လုံးသရက်သီး.အုံးနို့…..ကောက်ညှင်းချက် ..အချိုပွဲလေး ..ကိုယ်တိုင်လုပ်ကြွေး..မငွေသိမ်းကတော့..ဆွဲပြီလေ” လို့ ဆိုကာ ပုံလေးတွေနဲ့ အတူရေးသားခဲ့ပါတယ်။

ဦးခင်လှိုင် ဟာ ရုပ်ရှင်လောကမှာ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်နေပေမယ့် အကယ်ဒမီနဲ့တော့ အနည်းငယ် လွဲချော်နေပါတယ်။ ဒါပေမယ့်လဲ မကြာခင်မှာ ပရိသတ်ကြီးရစေချင်တဲ့ အကယ်ဒမီဆုကြီးကို ရရှိနိုင်တော့မယ်လို့ ယုံကြည်ပါတယ်နော်။

သူက သားနဲ့ သမီးကိုလဲ အနုပညာအမွေပေးနိုင်တဲ့အပြင် ပရိသတ်ကိုယ်စီနဲ့ အောင်မြင်နေကြတဲ့အနုပညာရှင်တွေလဲ ဖြစ်နေကြပါပြီ။ ချစ်တဲ့ ပရိသတ်ကြီးက ဦးခင်လှိုင်ကို အားပေးသလို နေရဲနဲ့ သဇင်ထူးမြင့် တို့ကိုလဲ အားပေးကြဖို့ မမေ့ပါနဲ့နော်။

Snow(mcc)

(Visited 1422 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ