Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိန်းမဖြစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ အဆိုတော်လင်းလင်း

ပရိသတ်တွေရဲ့ချစ်ခင်မှုကို မိသားစုလိုက်ရရှိထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုဟာ တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်မှုတွေများစွာနဲ့ ဖြတ်သန်းလာခဲ့ကြပါတယ်။ သူတို့မိသားစု တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ နေ Covid 19အတွက် ဆေးရုံတွေရဲ့ လိုအပ်ချက်တွေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တက်နိုင်တဲ့ ဘက်ကနေ ကူညီထောက်ပံ့ပေးနေပါတယ်။

အဲ့လိုကူညီပေးနေတဲ့ အကြောင်းလေးကို ချစ်သုဝေ က ” အတတ်နိုင်ဆုံးriskမရှိအောင် ကြိုးစားပြီး စီစဉ်နေပါတယ်နော်🙏🙏 သမီးလေးတွေရှိတော့ အပြင်ထွက်ရင်စိတ်ပူကြတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးပါ❤ 🚑ဆေးပစ္စည်းတွေ ဆက်စပ်ပစ္စည်းတွေ လိုတာတွေမေးဝယ်ပို့ အားလုံးကို team workနဲ့လုပ်ကြရတာမို့ ကိုယ်တိုင်က စီစဉ်ရပါတယ်..”

“ခေတ်သစ် ဖောင်ဒေးရှင်းအနေ နဲ့COVIDအတွက် မတည်ငွေအပါအဝင် အလှူရှင်များအားလုံးရဲ့အလှူငွေတွေအားလုံးကို အလိုအပ်ဆုံးအရာတွေဝယ်ပြီး အလိုအပ်ဆုံးနေရာတွေဆီအရောက်ပို့နိုင်ဖို့ အမြဲလှုပ်ရှားစီစဉ်နေပါတယ်🙏🙏 ဒီနေ့တော့ အင်းစိန် , YGH covid ward, NOGHမှတဆင့်နယ်ဆေးရုံများ, ရေဦး လှူ ဖို့အားလုံးပြီးစီး🙏🙏🙏”လို့ ဆိုကာရေးသားခဲ့ပါတယ်။ အဲ့ဒီရေးသားထားတဲ့ ပို့စ်ကို လင်းလင်းက ပြန်လည်မျှဝေရင်း မိန်းမဖြစ်သူကို ခုလိုဘဲ အားပေးခဲ့ပါတယ်။

အဲ့ဒါကတော့ ” နာ့ အချစ်ကလေးကွ 👏🏻👏🏻👏🏻 တတ်နိုင်ဘူး ,, ကိုယ့်မှာလော်စရာကလဲ သူတစ်ယောက်ရှိတာ :)))ဟိုဒင်း နှစ်ယောက်အိပ်သွားရင် ဒို့ကို TV Game ပေးဆော့နော်……နော်လို့ 🥴🥴” လို့ဆိုကာရေးသားခဲ့ပါတယ်။

ဒီလို အလှူအတန်းတွေနဲ့ပြည်သူတွေ ရဲ့လိုအပ်ချက်တွေကို ကုညီလှူဒါန်းနေတဲ့ခေတ်သစ်ဖောင်ဒေးရှင်ကိုရော အခြားသောအလှူရှင်တွေကိုပါ ချစ်တဲ့ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုံးနော်။

Snow(mcc)

(Visited 5158 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ