Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးနဲ့ ပတ်သက်ပြီး အခင်မင်မပျက် မိတ်ဆွေတွေလို အမြဲအတူရှိချင်ပါတယ် ဆိုတဲ့ ချမ်းချမ်း

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အဆိုတော် ချမ်းချမ်းနဲ့ ဒါရိုက်တာဘုဏ်းသိုက်တို့ဟာ သူတို့ရဲ့ အတ္တတွေကိုဖယ်ရှားပြီး သမီးလေးရဲ့မွေးနေ့ကိုအကောင်းဆုံးဖန်တီးပေးခဲ့ကြပါတယ်။ အဲ့လိုပါဘဲ သမီးလေးနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး သူမဖြစ်စေချင်တာတွေကို ပြောပြလာပါတယ်။

အဲ့ဒါကတော့ ” သမီးလေးပျော်နေတာမြင်ရလို့စိတ်ချမ်းသာတယ်..သူ့ဘဝမှာသူချစ်တဲ့သူတွေနဲ့မွေးနေ့လေးကိုဖြတ်သန်းဖို့ပြောဖူးတယ်..ကျေင်းမှာလဲမွေးနေ့လုပ်..သူချစ်တဲ့အဖေနဲ့အမေကလဲ တဖက်တလမ်းကနေ အရာရာလိုက်ဖြည့်ဆည်းပေးတော့ သူပျော်နေရှာတယ်…သမီးကိုမွေးနေ့ဆုတောင်းပေးတဲ့ အဖက်ဖက်မှ မိတ်ဆွေသူငယ်ချင်းများကိုလဲကျေးဇူးပါ…”

“ဘဝမှာသင်ခန်းစာတေထပ်တလဲလဲရပီးတဲ့နောက် အရာရာကိုရင်ဆိုင်ရဲလာတယ်…အရင်က ကိုယ်တွေနှစ်ယောက်တွေ့လိုက်တာနဲ့ အရမ်းရန်ဖြစ်ကြ..သတ်ကြနဲ့..အခုဒီနှစ်မွေးနေ့လေးမှာသမီးပျော်အောင်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…နောက်လဲသမီးရဲ့ကျောင်းပွဲ..သမီးမွေးနေ့..သမီးဘွဲ့ယူမယ့်နေ့တွေရောက်လာဦးမယ်..အဲ့ဒီ့အခါကျရင်လဲ အခုလိုပဲ သမီးလေးနားမှာအပြုံးမပျက်..အခင်မင်မပျက် မိတ်ဆွေ တွေအဖြစ်အမြဲရှိပေးဖို့မျော်လင့်ပါတယ်..”

“အခုမွေးနေ့လေးတော့သမီးလေးပျော်သွားပြီ..အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားလာနိုင်တဲ့နေ့တနေ့ကိုထပ်ရောက်လာဦးမယ်..အလုပ်တွေတွဲလုပ်ဖို့လဲရှိတယ်..ရှေ့လျောက်လဲ အခုလိုပဲ သမီးအတွက် လိုအပ်ရင်ရှိနေပေးလိုက်ပါဦး..Beer papa ရေ…ရိုးသားစွာမိတ်ဆွေတွေအဖြစ်ပြန်လည်စကားပြောခွင့်ရှိလာလို့ကိုယ့်ကိုယ်ကိုကျေနပ်တယ်..”

“ခံစားချက်ဆိုတာ ကိုယ်နဲ့ပဲဆိုင်ပါတယ်..ကိုယ့်ဘက်က အရာရာကိုအလျော့ပေးနားလည်လာတဲ့အခါချစ်ခြင်းမုန်းခြင်းဆိုတာ ခံစားမှုတမျှသာပါ…လူတိုင်းနားလည်ခံစားနိုင်ပါစေ… အိမ် ထောင်ကွဲသွားတိုင်းတယောက်နဲ့တယောက်မုန်းနေသတ်နေကြမယ်ဆိုတာအဓိပ္ပါယ်မရှိပါဘူး..အကောင်းဆုံးမိတ်ဆွေတွေအဖြစ်ဆက်လက်ရပ်တည်နေမယ်ဆိုသားသမီးတွေအတွက် အရာရာဟာပျော်ရွှင်စရာ ဖြစ်လာမှာပါ…” လို့ ဆိုပြီး ရေးသားလာခဲ့ပါတယ်။

ချမ်းချမ်း ဘက်ကနေကွာရှင်းကြောင်းကို တရားဝင်ချပြခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ခင်ပွန်းဟောင်းဖြစ်သူ နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ်နေထိုင်နေရတာဟာ သူမကျေနပ်ရပါတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရော သူမတို့ကိုတွေ့ရတာ စိတ်ချမ်းသာတယ် မဟုတ်လား။

Snow(mcc)

(Visited 1471 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ