Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူ့ရဲ့ဝန်ထမ်းတွေကို ရုံးလာစရာမလိုဘဲ အိမ်မှာ လုပ်လို့ရအောင် စီစဉ်ပေးတဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ယနေ့အချိန်ထိ နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ မော်ဒယ် သရုပ်ဆောင်စမိုင်းလ်ဟာ ဘာသာရေးကိုလဲကြိုးစားလုပ်ဆောင်နေသလို အနုပညာအလုပ်တွေလဲ လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ သူ့ လုပ်ငန်းဖြစ်တဲ့ Telecoms လုပ်ငန်းဟာလဲ များစွာအောင်မြင်လာသလို ဝန်ထမ်းတွေအပေါ်ကိုလဲ ဂရုစိုက်တက်ပါတယ်။

ယခုအခါမှာလဲ သူမရဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ရှေ့ရှူ့ပြီး ရုံးတက်စရာအလိုဘဲ အိမ်မှာဘဲ အလုပ်လုပ်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ အဲ့လိုစီစဉ်ပေးထားတဲ့ အကြောင်းကို ” ကျမတို့ Vmg Telecoms မှဝန်ထမ်းများ၏ကျန်းမာရေးအားအဓိကအရေးထားသဖြင့် ရုံးတက်ပြီးအလုပ်လုပ်မဲ့အစား အိမ်မှာနေပြီးအလုပ်လုပ်လို့ရနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားတယ်”

” မနက်ဖြန်မှစပြီး မိမိအိမ်မှာပဲနေပြီးအလုပ်လုပ်ကြရန်ညွုန်ကြားပေးထားတယ်။ အင်တာနက်အသုံးပြုဖို့ဖုန်းတွေကိုငွေဖြည့်ပေးမယ်။ ကိုယ်တတ်နိုင်တဲ့ဖက်ကနေကြိုတင်ကာကွယ်ကြမယ်😊” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တုန်လှုပ်ခြောက်ခြားစရာတစ်ခုလိုဖြစ်နေပါတယ်။ ယခုအခါမှာလဲ မြန်မာနိုင်ငံမှာ ဒီရောဂါ ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစည်ကားတဲ့ နေရာတွေ မသွားဖို့ နဲ့ ရုပ်ရှင်ရုံတွေကိုလဲ ခေတ္တပိတ်ထားပါတယ်။

Snow(mcc)

(Visited 9272 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ