Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သူမွေးထားတဲ့ ခွေးမလေး ကင်ဆာဖြစ်နေလို့ ဆေးရုံတင်ထားရတယ် လို့ ဆိုတဲ့ ဥက္ကာမင်းမောင်

ပရိသတ်တွေ အားပေးချစ်ခင်ရကြိုးနပ်တဲ့ စိတ်နှလုံးလှတဲ့ မင်းသားချော ဥက္ကာမင်းမောင်က တိရိစ္ဆာန်လေးတွေကို သိပ်ချစ်တက်တဲ့ သူတစ်ယောက်ပါ။ သူက ယခုလို covid 19 ပြဿနာဖြေရှင်းနေရချိန်မှာ သူ့ရဲ့ အိမ်မွေးခွေးမလေးရဲ့ အသက်အန္တရာယ်နဲ့ နာကျင်မှုဝေဒနာတွေကို ဖြေရှင်းပေးလိုက်ပုံကိုပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တဲ့ အကြောင်းစုံကတော့ ” ကျွန်တော့်ရဲ့ Minnie လေး နို့မှာ ကင်ဆာအကြိတ်တွေဖြစ်လို့ ဒီနေ့ သူ့ရဲ့ နို့ ၂ ခုကို ဖြတ်ထုတ်ရမယ်.. အရင်တခါခွေးလေးတွေမွေးတုန်းက တခါထဲ ခွေးဆေးရုံမှာဗိုက်ခွဲမွေးရင်း အကြိတ်ကို ခွဲထုတ်ပြီးပြီ.. အကြိတ်ကပြန်ထွက်လာပြီး ကြီးလာတာ..တဖြည်းဖြည်းနဲ့ တခြားနေရာတွေပျံ့သွားရင် သူအသက်ရှည်ရှည်နေရမှာမဟုတ်ဘူး.. ကိုယ့်သားသမီးလိုဖြစ်နေတော့ သူတို့ခံစားနေရတာမကြည့်ရက်..”

” ကိုယ့်ဘဝထဲကလဲ စောစောစီးစီးမထွက်သွားစေချင်ဘူး.. အရမ်းလိမ္မာသောခွေးလေး.. ဒီနိုင်ငံမှာ ခွေးမွေးရတဲ့ စရိတ်ကလဲကြီးတယ်.. ကိုယ်က နောက်တကောင်လိုချင်လို့ သားဖောက်တာ ဆရာဝန်နဲ့ X Ray သွားရိုက်တော့ ဗိုက်ထဲ ခွေးခြောက်ကောင်မှာ တကောင်က ကန့်လန့်ဖြစ်ပြီး အဝမှာ ပိတ်နေတယ်ဆိုလို့ ဗိုက်ခွဲမွေးရတာ $၄၀၀၀.. မွေးတော့ တကောင်အသေလေးမွေးတယ်.. အခုတခါ အကြိတ်ထပ်ခွဲတာက $၁၅၀၀..ခွေးပေါက်လေး ၅ ကောင်ကို ကာကွယ်ဆေး တခါ သွားထိုးရင် $၇၅၀..ကာကွယ်ဆေးက ၃ ခါခြားထိုးရမယ်..”

” ဒီကြားထဲခွေးလေးတွေနေမကောင်းဖြစ်လို့ သွားပြရတာနဲ့.. တခြား follow up တွေနဲ့ ကုန်ချက်က ရက်စက်.. သူတို့ခံစားနေရတာလဲမကြည့်ရက်ဘူးလေ.. ငွေက ပြန်ရှာလို့ရပေမယ့် တခါတလေတော့လဲ ကိုယ်မြန်မာနိုင်ငံမှာဆို အဲ့လောက်ကုန်မှာ မဟုတ်ဘူးလို့တွေးမိတယ်..ရန်ကုန်အိမ်မှာဆို ခြံထဲ ခွေးတွေက အများကြီး.. ကိုယ်ငယ်ငယ်လေးထဲက ခွေးနဲ့နေလာတာ ၇ ကောင် ၈ ကောင်ရှိတယ် အမြဲ..ဒါပေမယ့် ရန်ကုန်ကခွေးတွေက ခြံထဲမှာပဲ အိပ်တာ.. ဒီမှာလို ကုတင်ပေါ်တင်အိပ်တာတော့မဟုတ်ဘူး.. ခြံထဲ ဘာတွေ ကောက်စားလို့ စားနေမှန်းမသိပေမယ့် ကလေးမွေးလဲ သဘာဝအတိုင်း မသေခင်လဲ သက်တမ်းစေ့နေသွားတယ်.. နေမကောင်းဖြစ်လို့ သွားပြရင်လဲ စရိတ်ကအဲ့လောက်မကုန်ဘူး.. “

” ဒီမှာက တခါတလေ မတရားစွတ်ပြီး charge လုပ်သလိုပဲ.. သူတို့ ပေးရမယ့် Rent တွေ, ဆရာဝန်ဖိုး, nurse ဖိုး, ဆေးဖိုး, ဘာညာသာရကာဖိုးနဲ့ နောက်ထပ်ပြန်ပြန်လာအောင် လုပ်သလိုပဲ..မနှစ်က Gizzy လေးသေသွားတာ.. ၁ နှစ်အရွယ်တုန်းက သူ့ခြေထောက်ကျိုးပြီး ခွဲပြီးထဲက တခြားရောဂါတွေ allergies တွေရတာဆိုတာ တလကို ၂ ခါ အမြဲ ဆေးခန်းသွားပြရတယ်..ဆေးအရှိန်နဲ့ side effect တွေရတာလား တကယ်ပဲ allergies ရှိသလားမပြောတတ်.. ဆရာဝန်တွေပဲ သိမှာပေါ့လေ.. ၈ နှစ်နဲ့ဆုံးသွားတာ သူလဲ ခွေးသက်တမ်းစေ့မနေလိုက်ရဘူး..ကိုယ်ကလဲ ခွေးကျန်းမာရေးအကြောင်း နားမလည်.. သူတို့ကို ကျန်းကျန်းမာမာနေစေချင်တာပဲသိတော့ အကုန်ခံပေါ့လေ..ကိုယ့်အတွက်ကိုယ်တောင်သိပ်မဝယ်ဖြစ်..”

” ခွေးလေးတွေသာ စကားပြောတတ်ရင် သူတို့ကို ဂရုစိုက်ပေးလို့ကျေးဇူးတင်နေမှာပါလို့ပဲတွေးပါတယ်….အခုတော့ ခွေးပေါက်လေးတွေလဲ အိမ်အသစ်လေးတွေဆီသွားပြီ.. နောက်ဆုံး ၁ ကောင်ရယ် Minnie ရယ်ပဲကျန်မှာ.. နောင်တချိန် ပိုပြီး တတ်နိုင်လာတဲ့ အချိန်ကျရင် နောက်ထပ် ၂ ကောင်လောက်လိုချင်သေးတယ်.. စိတ်တော့ မလျော့သေးဘူး.. ဟီးဟီး.. သံယောဇဉ်တွေ သံယောဇဉ်တွေ.. မျောက်လေးတကောင်လဲလိုချင်တယ်..တိရိစ္ဆာန်လေးတွေကိုချစ်တယ်..Minnie လေးအဆင်ပြေပြေ surgery လုပ်လို့ ပြီးပါစေပဲဆုတောင်းပါတယ်.. ခွေးဆေးရုံမှာထားခဲ့ပြီ” လို့ ဆိုကာ အသေးစိတ်ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလို စိတ်ထားလှတဲ့ ဥက္ကာမင်းမောင်ကို ချစ်ပရိသတ်ကြီးက ချီးကျူးစကားပြောပေးကြပါအုံးနော်။ သူ့လို ကြင်နာတက်ပြီး စိတ်ထားလှဖို့အတွက် အတုယူကြပါနော် ပရိသတ်ကြီး။

Snow(mcc)

(Visited 547 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ