Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လူသေတဲ့သတင်းတွေ ကြားရပြီးနောက် ကိုယ်ချစ်တဲ့သူအနားမှာနေဝင်ချိန်ထိ အတူရှိချင်တယ် ဆိုတဲ့ ဥက္ကာမင်းမောင်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ မော်ဒယ်ဘဝကနေ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ချစ်တဲ့သူနဲ့အတူ အမေရိကန်မှာနေထိုင်နေပါတယ်။ သူဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူတွေများစွာ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ သံဝေဂ ရခဲ့တဲ့အကြောင်းပြောပြလာပါတယ်။

သူပြောခဲ့ပုံလေးကတော့ “တနေ့တနေ့ သတင်းတွေကြည့်တိုင်း ဒီနေ့လူဘယ်နှစ်ယောက်သေတယ်ဆိုတဲ့သတင်းတွေပဲတွေ့နေရတယ်.. ကျွန်တော့်ဘဝမှာလဲ ကိုယ်ချစ်တဲ့သူတွေဆုံးရှူံးပြီးတဲ့နောက် မမြဲခြင်းတရားနဲ့ ဘဝနိဂုံးဆိုတာ ဘယ်အချိန် ကြုံတွေ့ရမယ်ဆိုတာ မသိနိုင်တဲ့အချိန် ကိုယ့်ကို ချစ်တဲ့သူတွေအသက်ရှင်နေသေးချိန်မှာ ပိုပြီး တန်ဖိုးထားတတ်လာတယ်..ပိုပြီးတွယ်တာတတ်လာတယ်.. လူတွေဘယ်လောက်ပဲပြောပြော ဘယ်လောက်ပဲဝေဖန်နေပါစေ တကယ့်တကယ်တမ်း ဒီလိုအခြေအနေဆိုးတွေကို ရင်ဆိုင်ရတဲ့အချိန် ကိုယ့်ဘေးမှာရှိနေပေးတာ ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ့်မိသားစုတွေပါ..”

“ကိုယ်အောင်မြင်ရင်လဲ ကိုယ့်အတွက်ပျော်ပေးတာ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ကိုယ့်မိသားစုပဲ..ကိုယ်ကျရှူံးရင်လဲ စိတ်ဓါတ်ခွန်အား လူအင်အားနဲ့ လဲထူပေးမှာလဲ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ကိုယ့်မိသားစုပဲ..ကိုယ်ငတ်ရင်လဲထမင်းကျွေးမှာကိုယ့်မိသားစုပဲ..ထိုင်ဆဲနေတဲ့သူတွေအဖက်လုပ်လို့လှည့်ကြည့်မှာတောင်မဟုတ်ဘူး.. လောကကြီးမှာ လူတွေဝေဖန်တဲ့စကားတွေသာ ခေါင်းထဲလိုက်ထည့်ခံစားနေရင် နေစရာတောင်မရှိဘူး.. လူတွေဘယ်လောက်ပဲဆဲနေပါစေ တကယ်တမ်း ကိုယ်ပျော်နေဖို့ ကိုယ်စိတ်ချမ်းသာဖို့ ပိုအရေးကြီးပါတယ်..”

“စိတ်ညစ်တဲ့အချိန်ပဲဖြစ်ဖြစ် ဒုက္ခရောက်တဲ့အချိန်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲရောက်ရောက် တူတူဖေးမကူညီရှိနေပေးတဲ့ကိုယ့်ဘေးက ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ့်မိသားစု မိတ်ဆွေသူငယ်ချင်းတွေကိုတန်ဖိုးထားပါ.. ဘယ်နေ့ဟာ နောက်ဆုံးတွေ့ ခြင်းဆိုတာ မသိနိုင်တဲ့ဘဝမှာ သူတို့တွေအသက်ရှင်နေဆဲကာလမှာ ကိုယ့်ဘက်ကလဲ ဂရုစိုက်တာကိုပြပါ.. ကိုယ့်ဘဝရဲ့ နေဝင်ချိန်အထိ တူတူရှိနေပေးမယ့်သူကိုယ့်ဘေးမှာရှိဖို့က တကယ့်တကယ်တမ်း လူတိုင်းလိုချင်သော တောင်းဆုတခုပါပဲ.. ကျွန်တော်လဲ အဲ့ဒီတောင်းဆုလေးပြည့်ချင်ပါတယ်… ဘဝက နောက်တဖန် ကံကောင်းခြင်းလက်ဆောင်တခုအနေနဲ့ သူကျွန်တော့်ဘဝထဲရောက်လာပြီး ဆိုးတူကောင်းဖက်ရှိနေပေးတဲ့သူ..အရာရာတိုင်းအတွက်ကျေးဇူးပါ..” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ဘဲ ခုလိုအခြေအနေမျိုးမှာ ကိုယ်ချစ်တဲ့ မိသားစုကို ကာကွယ်ပြီး ရောဂါဆိုးကြီး မဖြစ်အောင်နဲ့ နေထိုင်ကြရင်း ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ကြဖို့မမေ့ပါနဲ့နော်။

Snow(mcc)

(Visited 394 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ