Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

တစ်မိသားစုလုံးသိက္ခာကျအောင် လုပ်တာက ဘယ်အထိ ရည်ရွယ်တာလဲ လို့ မေးလိုက်တဲ့ လင်းလင်း

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရှိထားတဲ့အပြင် ပရဟိတလုပ်ငန်းတွေ ကိုလဲ အားသွန်ခွန်စိုက်လုပ်ဆောင် လာကြပြီး သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီးလဲ နစ်နာသူတွေဘက်ကနေ ရပ်တည်ကာ ကူညီပေးနေတဲ့ သူတွေဖြစ်ပါတယ်။ ယခုအခါမှာတော့ လင်းလင်းကိုယ်တိုင် ပါဝင်ကူညီခဲ့တဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သူတို့ကို ဂုဏ်သိက္ခာကျစေတဲ့ ကောလဟာလတစ်ချို့ထွက်ပေါ်ခဲ့ပါတယ် ။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး လင်းလင်းက ” တစ်ကယ်တော့ ကျနော်တို့ကို စော်ကားထားတဲ့ အသံဖိုင်ကိစ္စက မဟုတ်ဘူးလို့ ထွက်ရှင်းရတာ လွယ်ပါတယ်။ ဖြစ်လဲမဖြစ်နိုင်ဘူး။ မဖြစ်နိုင်ကြောင်း၊ မဟုတ်တဲ့အကြောင်းကိုလဲ ကျနော်တို့ကို ချစ်ကြခင်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ ပရိတ်သတ်တွေ၊ ရောင်းရင်းတွေ အားလုံးကလဲ သိလို့ တစ်ခုခုလုပ်ရမယ်၊ ဒီတိုင်းထားလို့မရဘူး ဆိုပြီး ဥပဒေအတိုင်းအရေးယူဖို့ လာဆက်သွယ်ကြတာကလဲ အသံဖိုင်ထွက်ကတည်းကပါဘဲ”

” အသံဖိုင်စထွက်ကတည်းက နားထောင်ပြီးပါပြီ။ သိမ်းလဲထားပါတယ်။ သို့သော် နားထောင်ရုံနဲ့ ပြီးစလွယ် မဟုတ်တမ်းတရားစော်ကားထားတဲ့ ဒီကိစ္စက ရိုးရှင်းသလား? အရောင်တွေပါလား? စဉ်းစားရတယ်။ ဘာလို့ဆို ကပ်ရောဂါနဲ့ တစ်နိုင်ငံလုံးရှုပ်နေတဲ့ ကာလမှာ တစ်နိုင်ငံလုံးအကဲစပ်တဲ့ သမီးလေး V ကိစ္စနဲ့ တစ်မိသားစုလုံးသိက္ခာကျအောင် မဟုတ်တမ်းတရားစွပ်စွဲတာက ဘယ်အထိ ရည်ရွယ်တာလဲပေါ့။ ဒီကာလမှာ ကျနော့်ကိုရွေးပြီး ပွိုင့်တည်တာဘာကြောင့်လဲ? ပေါ့”

“ကျနော်တို့ကတော့ ရှင်းပါတယ်။ လုပ်နိုင်၊ကိုင်နိုင်၊လှူနိုင်တာတွေကို လူအား,စိတ်အား,ငွေအား အကုန်စိုက်ပါတယ်။ ဒီကောလဟလ မှာ နိုင်ငံရေးတွေမပါဖို့မျှော်လင့်ပါတယ်။ အကောင့်တစ်ခုကမေးလို့ ပရိတ်သတ်တွေကိုထ,ရှင်းတာမဟုတ်ပါဘူး။ နေရာစုံ၊ ဌာနစုံက တောကြောင်တွေ အချို့ကို ရှင်းပြတာပါ။ တော်တော်စိတ်ရှည်ရှည်ထားပြီးရေးလိုက်ရတယ်။ ကျနော်က ပါးစပ်ကပြော၊စာတွေရေးပြီး ရှင်းရတာဝါသနာမပါဘူး။ လက်တွေ့ဘဲရှင်းတတ်တာ” လို့ဆိုပြီး သူ့အကောင့်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါကောလဟာလတွေကို သူတို့ကိုချစ်တဲ့ ပရိသတ်တွေကတော့ မယုံကြည်နိုင်ကြသလို စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒီလို ရောဂါဆိုးကြောင့် စိတ်သောကရောက်နေကြချိန်မှာ ခုလို ပုတ်ခတ်ဝေဖန်တဲ့ ကောလဟာလတွေကို ပရိသတ်တွေက လွယ်လွယ်နဲ့ မယုံကြပါနဲ့နော်။

Snow(mcc)

(Visited 11390 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ