Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လွန်ခဲ့တဲ့ ၅နှစ်က မင်္ဂလာဆောင် အမှတ်တရနဲ့ ကြည်နူးစရာတွေကို ပြောပြလာတဲ့ ဆုပန်ထွာ

ရုပ်ရှင်နဲ့ ဗီဒီယိုကားတွေ များစွာရိုက်ကူးပုံဖော်ခဲ့တဲ့ သရုပ်ဆောင် ဆုပန်ထွာက ယခုအခါမှာတော့ သာယာတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားပါပြီ။ လွန်ခဲ့တဲ့ ၅နှစ်က အိမ်ထောင်ပြုခဲ့တဲ့ အမှတ်တရတွေနဲ့ သူ့ရဲ့ကြည်နူးစရာကောင်းတဲ့ အချိန်လေးကို ၅နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာပြောပြခဲ့ပါတယ်။

သူ ပြောပြခဲ့တာကတော့ “Novotel Hotel မှာ ပထမဆုံးမင်္ဂလာဆောင်တဲ့ မဂ်လာစုံတွဲ‌လေး။ ပျော်လည်းပျော်ရ၊ စိတ်လည်းလှုပ်ရှား၊ ပန်းကျဲတွေ၊ဗန်းကိုင်တွေ၊သတို့သားသတို့သမီးအရံတွေ ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း အဆင်သင့်လာပေးကြတာပျော်စရာ။(သူတို့ကတော့ပြောရှာတယ် မပန်တို့ပြန်မှရောက်ပါ့မလားလို့ စိတ်ပူနေကြတာတဲ့) 😂😂😂”

” America ကနေ 15 ရက်နေ့ပြန်ရောက်ပြီး၊ဘာစီစဉ်ချိန်မှမရတော့ပဲ 16 ရက်နေ့မဂ်လာတန်းဆောင်ရတာမို့ အားလုံးအပေါ်တာဝန်မကျေတာတွေ၊လစ်ဟင်းတာတွေ၊ ဖိတ်စာတလေးတစားမဖိတ်နိုင်တာတွေတော့ အားလုံးကိုတောင်းပန်ရတာအမောပါ။ အဲ့ဒိတုန်းကမဂ်လာပွဲအတွက်အစစအရာရာကူညီပေးခဲ့ကြသူများတစ်ယောက်ချင်းဆီတိုင်းကျေးဇူးပါ”

“ဒါတောင် မေမေလေး Thi Thi Tun အစအဆုံးအားလုံးစီစဉ်ထားပေးလို့သာ မဂ်လာပွဲကအစအဆုံးလစ်ဟာမှူမရှိအဆင်ပြေသွားတာ။ ကျေးဇူးရှင် မေမေလေးပါ။ ကိုယ်တွေနှစ်ယောက်မင်္ဂလာပွဲမှန်သမျှ နှစ်ယောက်ကြိုးစားရှာကြတဲ့ပိုက်ဆံလေးနဲ့ကိုယ့်ဖာသာကိုယ်ပိုက်ဆံတွေဆုဆောင်ခဲ့ကြရတာ ပြန်တွေးရင်းပီတိဖြစ်မိတယ်”

” ခုလိုမိသားစုလေးဖြစ်ဖို့ရပ်တည်ကြိုးစားခဲ့ရတာဒီနှစ် ယောက်ပဲလေ။ ပြန်တွေးရင် မိသားစုအပေါ်ပိုတန်ဖိုးထားမိတာလေးက နှစ်ယောက်လုံးရင်ထဲစွဲစွဲမြဲမြဲ”ပါဘဲ လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

ဆုပန်ထွာဟာ လက်ရှိမှာတော့ ကြော်ငြာ ရိုက်ကူးမှုတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ ဖျော်ဖြေရေးတွေမှာလဲ သူမကိုတွေ့လာရပါတယ်။ အနုပညာအလုပ်တွေလုပ်ရင်း အားလက်ချိန်တွေမှာလဲ မိသားစုကို အချိန်ပေးကာ ပျော်စရာကောင်းတဲ့ ဘဝကြီးကို ပိုင်ဆိုင်ထားရသူပါ။

Snow(mcc)

(Visited 1002 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ