Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယာဉ်မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့တဲ့ မီ မောင်နှံ

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ အကယ်ဒမီ သရုပ်ဆောင် ပိုင်ဖြိုးသု နဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံဟာ ယနေ့ ရိုက်ကွင်းနားပြီးပြန်လာချိန် ယာဉ်မတော်တဆမှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီယာဉ်မတော်တဆမှု မှာ သုသုတို့စုံတွဲ က ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့တာကြောင့် စိတ်မပူကြဖို့ ပရိသတ်တွေကိုအသေးစိတ်ပြောပြခဲ့ပါတယ်။

အဲ့ဒါကတော့ ” သုသုတို့ကိုသတင်းကြားလို့စိတ်ပူပြီးဖုန်းဆက်မေးကြသူများရှိသလို တချိူ့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခုfacebook ကနေအသိပေးလိုက်ပါတယ်ရှင့်….အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာ သုသု တို့ ယာဉ်မတော်တဆမှုဖြစ်ပါတယ်….”

“ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး….အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ)….
ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိသုသုတို့နှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်…”

“ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်…ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ….တတ်နိုင်သမျှ အိမ်မှာနေကြပါ….မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ….နှာခေါင်းစည်း(mask)ဝတ်ကြပါနော်…ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ…အစာအာဟာရမျှတအောင်စားပါနော်…အားလုံးပဲ ကျန်းမာကြပါ‌စေ 🙏🙏🙏” လို့ ဆိုကာ ဖြစ်စဉ်အားလုံးကို ပြောပြခဲ့ပါတယ်။

ကံကောင်းစွာ နဲ့ အန္တရာယ်ကင်းခဲ့တဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့ကြပြီဘဲ ဖြစ်ပါတယ်။ စိတ်ပူနေကြတဲ့ ချစ်ပရိသတ်အပေါင်း လဲ စိတ်အေးချမ်းကြမယ်လို့ ထင်မိပါတယ်။

Snow(mcc)

(Visited 2277 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ