Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချမ်းသာတဲ့သူကိုရထားပေမယ့် လင်မယားနှစ်ယောက်လုံး အလုပ်လုပ်နေရတာဆိုတဲ့ နန္ဒာလှိုင်

ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းအစားဆုံးမင်းသမီးလို့ ဆိုရမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်ဟာ ယနေ့အချိန်ထိ အနုပညာအလုပ်တွေ မလုပ်တော့တာတောင် နာမည်ကြီးနေဆဲပါ။ သူက လက်ရှိမှာတော့ စီးပွားရေးကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး မိသားစုအတွက်လဲ မိခင်ကောင်းဇနီးကောင်းတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံတော်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေလဲ ရရှိထားသူဖြစ်ပါတယ်။

နန္ဒာလှိုင်က ခင်ပွန်းဖြစ်သူ ကိုဇေသီ နဲ့ အိမ်ထောင်ကျခဲ့တာဟာ ၁၂နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အိမ်ထောင်သက်တမ်း ၁၂နှစ်ပြည့်တဲ့ နေ့မှာဘဲ သူတို့ရဲ့ အိမ်ထောင်ရေးအကြောင်းကိုပြောပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ ” ကျမကံကောင်းပါတယ်။ ငွေလုံးဝ‌မကိုင်တဲ့ယောကျာ်းရထားလို့ပါ ငွေတွေအားလုံးကျမ account ထဲဘဲဝင်ပါတယ်”

“(ချမ်းသာတဲ့သူကိုယူထားတယ်လို့မပြောပါနဲ့အမွေဆိုတာထိုက်မှရတာပါ လင်ရောမယားရောအလုပ်လုပ်ပါတယ်)သူသုံးစရာရှိရင်ပြန်တောင်းပါတယ် အရမ်းများရင်တော့ပွစိပွစိနည်းနည်းရွတ်ပါတယ် (WLC)တခုပါဘဲ ဘယ်တော့မှစပရိုက်အတိုက်မခံရပါဘူး စပရိုက်မတိုက်ဘူးလားမေးရင်သူ့မှာပိုက်ဆံမရှိဘူး ပိုက်ဆံပေးဆိုလို့ပါ ကျမကလဲမလိုအပ်တာလုံးဝမဝယ်ပါဘူး” လို့ဆိုပြီး သူတို့ဇနီးမောင်နှံရဲ့ဖြတ်သန်းနေပုံကိုပြောပြလာခဲ့ပါတယ်။

နန္ဒာလှိုင်ဟာ ချစ်စရာကောင်းတဲ့သမီးလေးတွေကို ပိုင်ဆိုင်ထားပြီး သမီးကြီးဘဲ သုံးယောက်မွေးထားတဲ့ သမီးရှင်တစ်ယောက်ပါ။ ချစ်တဲ့ ပရိသတ်တွေကရော နန္ဒာ့ကို အရင်လိုဘဲ ချစ်သေးကြရဲ့လား ။

Snow(mcc)

(Visited 6355 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ