Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြည်ပကပြန်လာသူတွေကို အိမ်တန်းမပြန်ဖို့ တောင်းပန်လိုက်တဲ့ ချစ်သုဝေ

မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ တွေ့ရှိလာပြီဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။ လက်ရှိမှာလဲ ပြည်ပမှာ ကျောင်းတက်နေကြတဲ့ နိုင်ငံအသီးသီးက မြန်မာတွေကလဲ ပြန်လာကြတာကြောင့် ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံ ၁၆ခု ကလူတွေကို ၁၄ရက် စောင့်ကြည့်ကာ ရောဂါပိုးမရှိမှသာ အိမ်ပြန်ခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့်လဲ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ရောဂါပိုးရှိသူတွေကို တွေ့လာရပါတယ်။ အဲ့လို လူတွေထပ်မများလာဖို့နဲ့ ရောဂါပိုး မကူးဆက်ဖို့အတွက်ကို သရုပ်ဆောင် ချစ်သုဝေက ခုလိုဘဲ တောင်းပန်စကားဆိုလာပါတယ်။

သူပြောခဲ့တာကတော့ ” စောင့်ကြပ်ကြည့်ရှူ ၁၄ရက်ဆိုတာ တကယ်ကို အရေးကြီးတာပါ,,,၁၄ရက်အတွင်း ကိုယ့်မှာပိုးရှိနေရင်တောင် ဖျားနာချောင်းဆိုးနေတာမဟုတ်တော့ လူကောင်းဖြစ်နေသယောင်ပါပဲ..ကြောက်စရာအကောင်းဆုံးအချိန်ပေါ့,,ဒါကြောင့် တောင်းပန်ပါရစေနော် ”

” Riskရှိသောသူများ အိမ်တန်းပြန်ခြင်းဟာ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သလို ကိုယ့်အချစ်ဆုံးမိသားစုကို ပိုးတွေပေးစေမိ ဒုက္ခပေးမိတာမျိုး ဖြစ်မှာအသေအချာပါလို့🙏🙏🙏 ဆင်ခြင်တုံတရားနဲ့ ကူညီနိုင်ကြပါစေ🙏🙏🙏” လို့ ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

မကြာခင်မှာ မဟာသင်္ကြန်ကာလရောက်ရှိတော့မှာဖြစ်လို့ ပြည်ပမှာကျောင်းသွားတက်နေသူတွေ ၊ အလုပ်လုပ်နေတဲ့ သူတွေ က မြန်မာပြည်ကိုပြန်တက်ကြပါတယ်။ ယခုနှစ်ကတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြန်လာရာမှာ အခက်အခဲတွေ အငြင်းပွားစရာတွေ ဖြစ်နေတာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ နိုင်ငံတော်ရဲ့ထုတ်ပြန်ကြေညာချက်တွေကို လိုက်နာဖို့မမေ့ပါနဲ့နော်။

Snow(mcc)

(Visited 365 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ