Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မအေးသောင်း

ပရိသတ်တွေချစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ တစ်ကျော့ပြန်အောင်မြင်ခဲ့သူဖြစ်ပေမယ့် ငယ်စဥ်က အောင်မြင်မှုထက် တည်ငြိမ်ရင့်ကျက် တဲ့ မအေးသောင်းရဲ့အောင်မြင်မှုကတော့ ပိုလို့သာလို့နေပါတယ်။ သူက ယခုအခါမှာတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့အတွက်ကို ခုလိုဘဲ ဆုတောင်းပေးလာပါတယ်။

သူ ဆုတောင်းပေးခဲ့တာကတော့ ” Happy Birthday ဖေကြီးအဖေလိုအဖေမျိုးပိုင်ဆိုင်ရတဲ့ သမီးက ကမ္ဘာပေါ်မှာကံအကောင်းဆုံးပါပဲ။ အမြဲပျော်ရွှင်ရတယ် ဟာသတွေပြောတတ်တယ် ဓာတ်ပုံလေးတွေအမြဲရိုက်ပေးတယ်။ ဘယ်သွားသွားလိုက်စောင့်ရှောက်ပေးတဲ့ ဖေကြီး။ အသက် ၅၇ မှ စပြီးနှစ်ပေါင်းရာကျော်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အနားမှာအတူတူအမြဲနေနိုင်ပါစေ ဖေကြီး။ ချစ်တယ်။💛💛💛 ” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

ဖခင်ဖြစ်သူကလဲ မအေးသောင်းရဲ့ ရုပ်ရှင်ရိုက်ကွင်းတိုင်း အနုပညာလှုပ်ရှားမှုတိုင်းမှာ ပါဝင်ခဲ့ပြီးသမီးဖြစ်သူအနားမှာ အမြဲတွေ့ရလေ့ရှိပါတယ်။ မအေးသောင်းတို့ဟာ ညီအစ်မသုံးယောက်ရှိပြီး နှင်းဝတ်ရည်သောင်းကတော့ ပြည်ပမှာနေထိုင်နေတာလဲ ဖြစ်ပါတယ်။

မအေးသောင်းကတော့ ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရမှာပါ။ ထပ်မံရိုက်ကူးပုံဖော်ထားပြီးတဲ့ ရုပ်ရှင်ကားကြီးတွေလဲရှိတာကြောင့် ကိုဗစ်ကြီးပြီးတဲ့ အခါ ကြည့်ရူ့ကြဖို့ စောင့်မျှော်ကြရအောင် လားနော်။

Snow(mcc)

(Visited 446 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ