Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လိုချင်တာကမိဖုရား ညားတော့ဒါရိုက်တာပိစိဆွာစိလန် ပါလို့ဆိုတဲ့ ဇဏ်ခီ

အချိန်တိုတိုလေးအတွင်းမှာ မြန်မာနိုင်ငံမှပရိသတ်ပေါင်းများစွာ ရရှိခဲ့တဲ့ အပြင် ရုပ်ရှင်လောကကြီးကိုလဲ ပြောင်းလဲမှုတွေဖြစ်သွားစေတဲ့အထိ တုန်လှုပ်စေခဲ့တဲ့ ခီမောင်နှံကတော့ အမြဲတမ်းကိုကြည်နူးစရာကောင်းနေပါတယ်။ သူတို့ဇနီးမောင်နှံဟာ ပရိသတ်တွေ အားကျရတဲ့ မိသားစုကိုလဲ ပိုင်ဆိုင်ထားပါတယ်။

ယခုအခါမှာလဲ ဇဏ်ခီက မိန်းမဖြစ်သူ ခရစ်စတီးနားခီကို ချစ်စရာကောင်းကို စနောက်လိုက်ပြန်ပါတယ်။ အဲ့ဒါကတော့ ” လိုချင်တာမိဖုရား ညားတော့.. 😜 ခင်များတို့က တကွင်းထဲကွင်းနေကြတယ်.. ကျနော်ပြောချင်တာနဲ့နည်းနည်းလွဲနေတယ်.. 😏😁လိုချင်တာကမိဖုရား ညားတော့ဒါရိုက်တာပိစိဆွာစိလန်” လို့ ဆိုကာရေးသားခဲ့ပါတယ်။

ဒီလိုစနောက်တဲ့ ပို့စ်လေးတွေကိုတော့ အမြဲလိုလို ရေးသားလေ့ရှိပြီး သူ့ရဲ့ ပရိသတ်တွေကလဲ အရမ်းကို သဘောကြခဲ့ကြပါတယ်။ ခီမောင်နှံဟာ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေ စတင်လက်ခံခြင်းခံခဲ့ရပြီး မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီး ၊ ထာဝရနှောင်ကြိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေကြောင့်လဲ ခီမောင်နှံရယ်လို့ နာမည်ကြီးနေဆဲဖြစ်ပါတယ်။

သူတို့ရဲ့ဇာတ်ကားအသစ်လေးတွေကို မျှော်ရင်း covid 19ကိုကာကွယ်တဲ့အနေနဲ့ အိမ်ထဲမှာဘဲနေကြပါနော်။ ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1865 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ