Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Covid 19 ကြောင့် မင်္ဂလာပွဲရွှေ့လိုက်ရတာက ဘဝအတွက် ကြီးမားတဲ့ အမှတ်တရတစ်ခုပါလို့ ဆိုလိုက်တဲ့ အိမ့်ချစ်ချော

လူငယ်ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော်နေဝင်း နဲ့ အိမ့်ချစ်ချောတို့ဟာ ယနေ့မှာကျင်းပရမယ့် မင်္ဂလာဧည့်ခံပွဲကို ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရပါတယ်။ မင်္ဂလာဧည့်ခံပွဲကို ရက်ရွှေ့ခဲ့ပေမယ့် ယနေ့ မနက်မှာတော့ အိမ်မှာဘဲ ဘုန်းကြီးဆွမ်းကပ်ကာ မင်္ဂလာလက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။

အိမ့်ချစ်ချောကတော့ ” ဒီနေ့က ဦးနေဝင်းရဲ့ မွေးနေ့ဖြစ်သလို ချောတို့ ၂ ယောက်ရဲ့ အမှတ်တရနေ့လေးလည်းဖြစ်သွားပြီ 😍 covid 19 ကြောင့် မင်္ဂဆောင်ရက်ရွှေ့လိုက်ရတာကတော့ နောက်နှစ်တွေတိုင်း အသက်ကြီးတဲ့အထိ ပြန်ပြောမိနေမယ့်အမှတ်တရတစ်ခုပဲပေါ့…. အခုချိန်ထိနောင်တမရတဲ့အရာကတော့ ဘိုးတော်ကိုချစ်ခဲ့မိတာပေါ့ 😛 “

“သုညကစပြီး အတူတူကြိုးစားခဲ့ရလို့..အဘွားကြီးဖြစ်တဲ့အချိန်ထိ အတူတူတုတ်ကောက်နဲ့လမ်းလျှောက်ချင်ပါသေးတယ်နော်… ဒီနှစ်မွေးနေ့လက်ဆောင်က ချောဘဝကြီးနော် 😁 ဒီကပ်ကြီးပြီးရင် ခရီးတွေအများကြီးသွားမယ်… သီချင်းတွေအများကြီးဆိုပါ… အလုပ်တွေအများကြီးလုပ်ကြမယ် 💓” လို့ ဆိုကာ ပုံလေးနဲ့အတူ ရေးသားခဲ့ပါတယ်။

အဆိုတော်နေဝင်း နဲ့ ခရီးသွား Blogger မလေး အိမ့်ချစ်ချော တို့ဟာ ချစ်သူသက်တမ်း ၁ဝနှစ်ကျော် ရှိပြီဖြစ်ပြီး ချစ်သူကောင်မလေးကို နေဝင်းက New Years show ဆိုနေချိန် ပရိသတ်များစွာရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ သူတို့နှစ်ဦး မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်လို့ ဂုဏ်ပြုစကားပြောပေးကြပါအုံးနော်။

Snow(mcc)
Photo by Ye Htut Photography

(Visited 2514 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ