Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စကားမပီပြင်ပေမဲ့ ပါးရိုက်တာတော့အပီပြင်ဘဲ လို့ ဆိုလိုက်တဲ့ သိင်္ဂီထွန်း

ဘယ်ဇာတ်ရုပ်ကိုမဆိုအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သိင်္ဂီထွန်းက သူ့ရဲ့ဇာတ်လမ်းတွဲမှာ တိုင်းရင်းသူ ဇာတ်ရုပ်နဲ့ အသံဝဲတာနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကိုဆက်တိုက်ဖြေရှင်း ခဲ့ပေမယ့် ဝေဖန်သံတွေကမရပ်သေးပါဘူး။ ဒါ့ကြောင့် ထိထိမိမိစကားလုံးတွေ​နဲ့ ပြောချလိုက်ပါတယ်။

အဲ့ဒါကတော့ ” ဓနုဒေသမှာ ရှမ်းတောင်ပိုင်းလူမျိုးများစွာ
​နေထိုင်ပြီး ဝဲပုံခြင်းအသံထွက်ပုံခြင်းမတူကြတဲ့ထဲကမှ ကျမဆိုတာလေ ဘယ်လိုတွေဝဲထွက်သွားလဲမသိဲ လုပ်ဝဲကြီးလိုမပီပြင်ဖြစ်သွားလို့ဝေဖန်တိုက်ခိုက်မုန်းတီးသူများခဲ့ရတယ် ပေါ့စကားမပီပြင်ပေမဲ့ပါး ရိုက်တာတော့အပီပြင်ဘဲ ကိုယ်မကျေနပ်တဲ့သူဆို အဲ့သလို ပီပီပြင်ပြင်ဒဲ့ဆော်တာ.(ဇာတ်လမ်းသဘောအရပါလို့ ခိခိခိ)မြန်မာပေါကားအမြင်ဖြင့်သာကြည့်လိုက် ကြည့်ရူ့ပါ” လို့ ဆိုပြီးရေးသားခဲ့ပါတယ်။

ဒါ့အပြင် ရှေ့ရက်တွေက လဲ ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောပြဖြေရှင်းခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ” “ကျမကတော့ဒီတောင်ပေါ်ဓနုဒေသ ဒီယာမြေလုပ်ငန်းဒီရူခင်းဒီလိုအဝတ်စား နေတဲ့အိမ်အနေထား နယ်ထဲက ဓနုလူမျိုးတွေဘဝရပ်တည်မူ.စားဝတ်နေထိုင်မူပွင့်လင်းရိုးသားတဲ့အသွင် အပြင်တိုင်းပီပြင်အောင်သရုပ်ဆောင်တယ် ဓနုစကားတိုင်းသာဆို မြန်မာစာတန်းထိုးရဖွယ်တောင်ရှိတယ်။ လေယူလေသိမ်း ဓနုဘက်နွယ်အောင်ပြောထားတယ်။ ဓနုလူမျိုးတွေကိုချစ်ပြီး ဓနုနယ်မှာအနှစ်နှစ်ဆယ်သွားလာမပျက်ခဲ့ဘူး။ လေ့လာသင်ယူမူမရှိဘဲ ဝဲရခြင်းမဟုတ်.ဒီနယ်တွေက ကျမဘိုးဘွားရဲ့နယ်မြေမို့ တန်ဖိုးထားပြောနေခြင်းသာဖြစ်တယ်”

” ဝဲတာကို ရိုက်ချင်သတ်ချင်မုန်းချင်စိတ်ဖြစ်နေတဲ့သူတွေ
ကဲ့ရဲ့တာနဲ့ဝေဖန်တာနဲ့ရိုင်းစိုင်းတာခွဲခြားသိပါ.ကျမ ကသရုပ်ဆောင်မို့. ကိုယ့်အပေါ်ဂရုတစ်စိုက်ကြည့်မိပြီး ဝေဖန်ပြောကြတာကိုတန်ဖိုးထားအသိမှတ်ပြုတတ်တယ်။ ကိုယ့်အပေါ်တန်ဖိုးမထားရင် ရှေ့မှာလဲသေရင်တောင် မကူညီတော့ဘူး.ပြောအုံးမယ်။ ဒါရိုက်တာတိုင်းက ကျမကိုဌားရင် over လုပ်ရမဲ့ဇာတ်တွေဌားကြတာများပေမဲ့ ကျမက ကာရိုက်တာပေါင်းစုံရိုက်တယ်”

“ဟာသကားကလွဲလို့.(ဟာသကမလုပ်တတ်ဘူး)ဒါပေမဲ့ သရုပ်ဆောင်ခြင်းနဲ့အနုပညာသမားတွေကိုချစ်တဲ့စိတ်ရှိလို့ ရိုက်ယုံသက်သက်သာရိုက်နေခဲ့သူပါ.တစ်ခန်းဆိုတစ်ခန်းတစ်ကားဆိုတစ်ကား အချိန်ယူပြင်ဆင်ပြီးဲကြည့်ရူသူအပေါ်စေတနာထားပြီးမှရိုက်ပါသည်။ ခုချိန်က ကမ္ဘာကြီးကပ်ရောဂါဖြစ်နေချိန်မှာ ကိုယ်ကိုးကွယ်ရာဘာသာတရားအလေးထားပါ သူတစ်ပါးကို ရိုက်သတ်ချင်ရအောင်ဖြစ်ရမဲ့အချိန်မဟုတ်ပါ ။အကောင်းလုပ်တာအကောင်းမြင်တဲ့သူရှိနေသရွေ့အနုပညာဆက်လျောက်နေအုံးမှာပါ.သရုပ်ဆောင်ကိုသရုပ်ဆောင်လို့မြင်ပါ လူပုဂ္ဂိုလ်ထိခိုက်မူမျိုးတော့မပြုသင့်ပါcb ကနေ မသင့်တော်တဲ့မူပြုနေသူတွေလဲသိကြပါ”

” စကားသံပြဿနာပြီးတော့ ယာလုပ်ငန်းယာတောထဲမှ ကိုယ်တိုင် လဲ လုပ်ဆောင်သူမို့ နေဒဏ်လေဒဏ်ကြောင့် သဘာဝကျအောင်အသားမည်း ထားတယ်ဆိုပြန်တော့လည်း.comentတွေမှာဖော်ပြတဲ့သူတွေကိုနောက်နောင်ရှင်းပြရန်မရှိပါ မကြည့်လိုကမကြည့်ကြပါနဲ့အကောင်းစိတ်နဲ့ကြည့်တဲ့သူတွေအများကြီးပါ ဘာဖြစ်ဖြစ် ဒီလိုပေါသရုပ်ဆောင်အိုဗာသရုပ်ဆောင်တွေဖြစ်အောင်ဘဲလုပ်ကြည့်ကြပါရန် အဆင့်ရှိရှိဝေဖန်သူများကိုတော့ လေးစားပါတယ်လက်ခံတယ် ။ ကဲ့ရဲ့တိုက်ခိုက်ကြသူတွေကိုယ့်ထမင်းကိုယ်စားပြီး သူများကိုကဲ့ရဲ့တာ ရှက်သင့်တယ်နော်”လို့ ဆိုပြီးတော့လဲ ​ပြောထားတာတွေရှိခဲ့ပါတယ်။

လက်ရှိမှာတော့ တနင်္လာနေ့ကနေ သောကြာနေ့ထိ ပြသနေတဲ့ အချစ်ဖွဲ့လေညှင်း ရုပ်ရှင်ဇာတ်ကားကြီးဟာ အပိုင်း ၁၃ ထိပြသခဲ့ပြီဖြစ်ပြီး စိတ်ဝင်စားသူတွေလဲ များစွာရှိခဲ့ပါတယ်။ ပရိသတ်ကြီးကရော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ​ေစာင့်ကြည့်ပေးကြပါအုံးနော်။

Snow(mcc)

(Visited 4043 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ