Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပွဲစျေးပတ် ပြီး ချားရဟပ်စီးတဲ့ ရိုက်ကွင်းအမှတ်တရကို​​ပြောပြလာတဲ့ မေပျိုဖြူ

လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ စိတ်ဝင်စားမှုတွေ ကိုအပြည့်အဝရရှိထားတဲ့ ချစ်ခြင်းဖွဲ့လေညှင်း ရုပ်သံဇာတ်လမ်းတွဲလေးက တစ်နေ့ထက်တစ်နေ့ ပရိသတ်ကိုပိုပြီး ဆွဲဆောင်လာပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ မေပျိုဖြူအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော သံသာမိုးသိမ့်ကတော့ ယနေ့ညကပြသခဲ့တဲ့ ဇာတ်၀င်ခန်းရဲ့ ရိုက်ကွင်းအမှတ်တရတွေကိုပြောပြလာပါတယ်။

သူပြောခဲ့တာကတော့ ” ပွဲစျေးပတ်.. ချားစီးပြီးတဲ့အပြင် စတော်ဘယ်ရီပါစားပြီးပါကြောင်း 🤣😚 ပင်လယ်ဓားမြလိုက်စီးတဲ့ extra တွေကလည်းအရမ်းအိုက်တင်ကောင်းကျတယ်နော် 😂 ဒါရိုက်တာတောင် အိုက်တင်မသင်လိုက်ရဘူး သူ့ဟာသူတက်သရုပ်ဆောင်သွားကျတာလို့ကြားတယ် 😂”လို့ဆိုကာ ပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေကို သူ့ရဲ့ဖေ့စ်ဘုတ်မှာပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

သံသာမိုးသိမ့်က ယခုဇာတ်ကားမှာတော့ အရင်ကားတွေနဲ့မတူတဲ့ ဇာတ်ရုပ်မျိုးဖြစ်ပေမယ့် သူ့ရဲ့ပင်ကိုယ်ပုံစံလေးအတိုင်းဘဲ သွက်လပ်ချက်ချာနေတာကြောင့် အရမ်းချစ်ဖို့ကောင်းတာပါနော်။ ချစ်ပရိသတ်တွေကရော ဘယ်ဇာတ်ဝင်ခန်းလေးကိုသဘောကြလဲ ပြောပြခဲ့ကြပါအုံး။

Snow(mcc)

(Visited 937 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ