Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရောဂါပိုးမတွေ့ရှိကြောင်း အတိအလင်းကြေညာလိုက်တဲ့ သီရိရှင်းသန့်

လတ်တလော ပရိသတ်တွေကြားမှာ ကောလဟာလ သတင်းမျိုးစုံ ထွက်ရှိနေပြီး ဧပြီလ ၁၅ရက်နေ့ကထွက်ရှိခဲ့တဲ့သတင်းမှာဆိုရင် အဆိုတော် သီရိရှင်းသန့် တို့ညီအစ်မမှာ covid 19 ရောဂါပိုး တွေ့ရှိတယ်ဆိုတဲ့ သတင်းဘဲဖြစ်ပါတယ်။ ဒီသတင်းရဲ့ အဖြေကို ယနေ့မနက်မှာတော့ သီရိရှင်းသန့်ကပြောပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ ” သီရိ Negative ပါ ….”လို့ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။ ဒါ့အပြင် သူ့ညီအစ်မတွေ နဲ့ပတ်သက်ပြီး “သီရိ ကိုယ့်သဘောနဲ့ကိုယ် Covid 19 စစ်ဆေးမှုခံယူထားပါတယ်။ ဒီနေ့ညအဖြေ သိရမှာပါ ခုလက်ရှိနေကောင်းကျန်းမာနေတဲ့တွက် အားလုံးစိတ်မပူကြပါနဲ့ Facebook မှာတက်နေတဲ့ ဘာသတင်းမှ မယုံကြပါနဲ့ သီရိ နဲ့ ညီမတွေ positive ဖြစ်နေပြီ ဆိုတဲ့သတင်း လုံးဝ လုံးဝ မဟုတ်ပါဘူး သူတို့နဲ့ထိတွေ့မှုမရှိသလို အတူတူလဲမနေပါဘူး။ အားလုံးနေကောင်းကျန်းမာလျက်ပါ စိတ်ပူပေးကြတဲ့ အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်” လို့ဆိုပြီးလဲ ဧပြီလ ၁၅ရက်နေ့က ရေးသားခဲ့ပါတယ်။

အဆိုတော် သီရိရှင်းသန့်အပြင် အဆိုတော် နီတာနဲ့ J- me တို့ လဲစစ်ဆေးခဲ့ပြီး သီရိရှင်းသန့်ကတော့ ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။ ယနေ့ မနက် ၁၀နာရီရဲ့ သတင်းထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၁၁ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းရောဂါပိုးတွေ့ရှိသူ ၈၅ဦးထိ ရှိလာခဲ့ပါပြီ။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေလိုက်နာပြီးအိမ်ထဲမှာနေကြဖို့ နဲ့ လက်ဆေးကြဖို့ကို ထပ်မံသတိပေးလိုက်ပါတယ်။

Snow(mcc)

(Visited 1052 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ