Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ထောင် ၇နှစ်ကျပြီးနောက် လွှတ်ငြိမ်ချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့တဲ့ သရုပ်ဆောင် ဘုန်းလျှံ

ယနေ့ ဧပြီလ ၁၇ ရက်နေ့၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံး ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို အရ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသားပေါင်း ၂၄၈၉၆ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပါတယ်။ အဲ့လို လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူတွေထဲမှာ သရုပ်ဆောင် ဘုန်းလျှံလဲပါဝင်ခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဘုန်းလျှံ ဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့ထောင်ဒဏ် ၁၂နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ချိန်မှာတော့ ဘုန်းလျှံဟာ ထောင်ဒဏ် ၇နှစ် ကျခံခဲ့ရပြီး ဖြစ်ရာ သူထောင်ကျနေချိန်မှာဘဲ မိခင်ဖြစ်သူဟာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ သာယာဝတီအကျဉ်းထောင်က လွတ်မြောက်လာခဲ့တာဖြစ်ပြီး ယခုလိုလွတ်မြောက်လာတဲ့အတွက် သူ့ရဲ့ ပရိသတ်တွေက အရမ်းကို စိတ်ချမ်းသာနေကြပါတယ်။ ဘုန်းလျံှဟာ ဗီဒီယိုဇာတ်ကားတွေ၊ MV တွေလဲ များစွာ ရိုက်ကူးသရုပ်ဆောင်ခဲ့တာဖြစ်လို့ ပရိသတ်ကြီးက မှတ်မိကြအုံးမယ်လို့ ထင်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ အတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလေးတွေလဲ ပြောပြပေးခဲ့ကြပါအုံးနော် ။ ဖတ်ရှု့ပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 22954 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ