Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Myanmar idol season 4 ရဲ့ winner အဖြစ် ထိုက်ထိုက် တန်တန် ရရှိခဲ့တဲ့ အက်စတာ

ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကြနေလိမ့်မယ်လို့ထင်မိပါတယ်။ တိုင်းရင်းသူလေးဖြစ်ပေမယ့် သီချင်းတွေကို အသက်ဝင်အာင်သီဆိုယှဥ်ပြိုင်သွားနိုင်ခဲ့တဲ့ အတွက် ခုလို Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ အယ်စတာ အတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ကြရအောင်ပါနော်။

Myanmar idol season 4 ရဲ့ ပြိုင်ပွဲစဥ် တစ်လျှောက်လုံးမှာ Top 11 ပြိုင်ပွဲဝင်တွေရှိခဲ့ပြီး နောက်ဆုံး Grand final မှာ Top 3ဖြစ်တဲ့ အေးမြဖြူ၊ အက်စတာနဲ့ ဘင်ဂျမင် တို့က ယှဥ်ပြိုင်ခဲ့ကြရာ အားလုံး အသီးသီး အကောင်းဆုံးယှဥ်ပြိုင်ခဲ့ကြသလို Voting စနစ်​ဖြင့်ရွေးချယ်လိုက်တာဖြစ်လို့ Voting အများဆုံး သူက winner ဖြစ်သွားတာလဲဖြစ်ပါတယ်။

Myanmar idol ဟာဆိုရင် အမျိုးသားပြိုင်ပွဲဝင်တွေကသာ winner ရခဲ့ပေမယ့် ယခု season 4 မှာတော့ အမျိုးသမီး winner ဆုရှင်ပေါ်ထွက်လို့လာခဲ့ပါပြီ ။

Winner ရရှိသူ အက်စတာဟာဆိုရင် Winnerဆုကြေး
ငွေကျပ်သိန်း (၇၀၀ ) နဲ့အတူ တိုက်ခန်းတစ်ခန်း ကိုပါ ချီးမြှင့်ပေးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။

အက်စတာအတွက် ဂုဏ်ပြုစကားဆိုရင်း အေးမြဖြူနဲ့ ဘင်ဂျမင်း အတွက် အားပေးစကားတွေပြောပေးခဲ့ပါအုံးနော်။

Snow(mcc)

(Visited 1540 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ