Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Myanmar idol မှာ ရွေးချယ်ခံလိုက်ရတဲ့ မေဦးရဲ့ ချစ်သူ ဟန်လင်း

ယခုကျင်းပပြုလုပ်နေတဲ့ Myanmar idol season 4 ရဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မိတ်ကပ်မေဦးရဲ့ ချစ်သူ ဟန်လင်းဟာ အသံချိုချိုလေးနဲ့ ဒိုင်တွေရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ သူဟာ နိုင်ငံကျော်အဆိုတော် ထူးအိမ်သင်ရဲ့ အခါလွန်မိုးဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒိုင်မငြင်းနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။ သူက ပြိုင်ပွဲဝင်ထက်ပိုပြီး စိတ်လှုပ်ရှားနေတဲ့ ချစ်သူ မေဦးကို Golden Ticket လေးနဲ့ Surprise လုပ်ပေးလိုက်ပါတယ်။

မေဦးတစ်ယောက် ရင်ခုန်ခဲ့ပုံကို “မနက် လေးနာရီထိုးလို့ထိုးမှန်းမသိ စိတ်လှုပ်ရှားမှုများနဲ့၊ လက်ထဲမှာဘာမှ မပါဘဲထွက်လာတော့ စိတ်မကောင်းသွားတာ ပြီးတော့မှ ကိုယ့်ကို surprise တိုက်သွားတာ ❤️” လို့ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

ဖြိုးဟန်ကျော်(ခ)ဟန်လင်း ဟာ ဂီတအတွေ့အကြုံမရှိပေမယ့် ဝါသနာကြောင့် ပါဝင်ယှဉ်ပြိုင်သူဖြစ်ပြီး ခုလို Golden Ticket လေးရရှိခဲ့လို့ သူ့ဘဝမှာ မေ့မရခဲ့တဲ့ နေ့တစ်နေ့ပါလို့ ပြောခဲ့ပါတယ်။ သူက “ ဘဝရဲ့ မေ့လို့ မရတော့မယ့် ရွှေရောင်နေ့ရက်လေးပေါ့ဗျာ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ဟန်လင်းဟာ မေဦးနဲ့ အတူတွဲပြီး Floral Service လုပ်ငန်းကြီးကို ထူထောင်ခဲ့ပြီး သူတို့ရဲ့ လုပ်ငန်းလေးဟာ အတိုင်းအတာ တစ်ခုလောက်အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးကိုလဲ ပရိသတ်တွေက အရမ်းချစ်ကြပြီး သူတို့နှစ်ယောက်လုံးကလဲ အရမ်းကိုချစ်စရာကောင်းလွန်းလှပါတယ်။

Snow (MCC)

(Visited 3709 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ