Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိပ်ခန်းထဲကပုံစံနဲ့ ဖျော်ဖြေရေးလုပ်မယ့်Birthday Show အတွက် ပြင်ဆင်နေတဲ့ စိုင်းစိုင်း

၁၅နှစ်တာ တစ်လျှောက်လုံး အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့တဲ့ စိုင်းစိုင်း Birthday Showကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးကြောင့် လူစည်းကားတဲ့ ပွဲလမ်းသဘင်တွေရွှေ့ဆိုင်းခဲ့ရတာကြောင့် ဒီနှစ်ရှိုးပွဲမလုပ်ဖြစ်တော့ပါ။ လူစည်ကားတဲ့ ရှိုးပွဲမလုပ်ဖြစ်ပေမယ့် အိပ်ခန်းထဲကပုံစံနဲ့ ရှိုးပွဲလုပ်ပြီး Live လွှင့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပြုလုပ်မယ့်အကြောင်းကို ” Sai Sai birthday show in bedroom အစီအစဉ်အတွက် သုံးပေအကွာ အစည်းအဝေး 🤘🤘🤘 လူစုလူဝေးနဲ့ show လုပ်ခွင့်မရှိတော့ ထူးထူးခြားခြား အိပ်ခန်းထဲကပုံစံ ဖျော်ဖြေပြီး live လွှင့်ပေးမှာတဲ့ အအိပ်မက်တဲ့ကိုယ့်အတွက်တော့အကြိုက်ပဲ 😁😁😋😋😋 ” လို့ ဆိုကာ အဆိုတော်မိုးမိုးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

စိုင်းစိုင်းကတော့ သူလုပ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ” ဒီနှစ်အခြေအနေအရ လူစုဖို့ မဖြစ်နိုင်တော့ဘဲ အားလုံးအိမ်ထဲမှာပဲ တတ်နိုင်သလောက်နေဖို့ ဖြစ်လာတဲ့အခါ ကျနော့် မွေးနေ့ပွဲကို အိပ်ခန်းထဲမှာပဲ ကျင်းပဖို့ ဖြစ်လာပါတယ် ။ ၁၅ နှစ်ဆက်တိုက် ကျနော်ပွဲကျင်းပရာနေရာကို ကျနော့်ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီးတဲ့နောက် ဒီနှစ်မှာတော့ လူတိုင်းရဲ့ အိပ်ခန်းထဲကနေပဲ ကျနော့်ဖျော်ဖြေမှုကို ကြည့်ရှုကြရတော့မှာဖြစ်ပါတယ် “

“ကမ္ဘာ့ကျန်းမာရေး အခြေအနေက နေ့စဉ်ပြောင်းလဲနေတာကြောင့် ကျနော်ဘယ်လို ဖျော်ဖြေမယ်ဆိုတာ အခုချိန်မပြောနိုင်သေးပါဘူး တီးဝိုင်းနဲ့ သူငယ်ချင်းတွေနဲ့ပါ ဖြစ်နိုင်သလို ကျနော်တစ်ယောက်တည်း One Man Show လည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ် ဒါက April 10 ရက်နေ့ရဲ့ အခြေအနေပေါ်မူတည်မှာပါ ”

” ဘယ်လိုပုံစံနဲ့ထုတ်လွှင့်မယ် ဘယ်ကနေကြည့်ရမယ် ဆိုတာ ပြန်ပြီးကြေညာပေးပါမယ် ထုတ်လွှင့်မှုဟာအခမဲ့ပဲဖြစ်ပါမယ် Covid 19 အတွက် လိုအပ်လို့ရှိရင် ( လိုအပ်မှပါ ) FUND RAISING အစီအစဉ်ကို ထည့်သွင်းပါမယ် ။ အိပ်ခန်းထဲမှာဖျော်ဖြေပြီး အိပ်ခန်းထဲကကြည့်ရမယ့် Show မို့ SAISAI BIRTHDAY SHOW IN BEDROOM လို့ရိုးရိုးပဲ နာမည်ပေးလိုက်ပါတယ် ။ ပရိသတ်များအားလုံး ကျန်းမာကြပါစေ” လို့ ဆိုပြီး ရေးသားထားတာဘဲ ဖြစ်ပါတယ်။

ပွဲခင်းထဲ လူတိုးပြီး ကြည့်စရာမလိုတော့ဘဲ အိမ်ကနေ Live လေးကြည့်ရတော့မယ်ဆိုတာကြောင့် ဘယ်လိုပုံစံမျိုး ဖြစ်မလဲ ဆိုတာမျိုးကို ပရိသတ်အားလုံးက စိတ်ဝင်စားနေကြပါတယ်။

Snow(mcc)

(Visited 3273 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ