Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အဆိုတော် R ဇာနည်နဲ့ ဝမ်းတို့ရဲ့ တတိယမြောက် ရင်သွေးလေးမွေးဖွား

အဆိုတော်လောကမှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ အသံပါဝါကောင်းပြီး အဲ့ဒီအသံကြောင့် ဆုတွေများစွာ ဆွတ်ခူးပိုင်ဆိုင်ထားတဲ့ အဆိုတော်ကြီး R ဇာနည် က သူချစ်တဲ့ သားနှစ်ယောက်အပြင် သမီးငယ်လေးတစ်ယောက်ကိုပါရရှိပိုင်ဆိုင်နိုင်ပြီမို့ အပျော်ကြီးပျော်နေပါတယ်။တတိယမြောက် သမီးလေး ကို ယနေ့ မေလ ၁၄ရက်နေ့မှာ ကျန်းကျန်းမာမာနဲ့ မွေးဖွားလိုက်ပြီလို့သိရပါတယ်။

သမီးလေးမွေးလို့ပျော်နေတဲ့ R ဇာနည်က ” သမီးလေး ဒီနေ့မနက်မှာ ကျွန်တော်တို့မိသားစုဘဝထဲကို ရောက်လာပါပြီ သမီးလေး ကျန်းကျန်းမာမာနဲ့ ကမ္ဘာမြေကြီးအတွက် ကံကောင်းချင်းတွေ ချစ်ချင်းမေတ္တာတရားတွေ တစ်ပွေ့တစ်ပိုက်ကြီးသယ်ဆောင်လာပါပြီ ကမ္ဘာသူကမ္ဘာသား များနှင့် သတ္တဝါများအားလုံး လဲကျန်းမာချမ်းသာ ၍ ကမ္ဘာမြေကြီးလဲစိမ်းလန်းဆိုပြေသာယာလှပပါစေ 🙏❤️ R+1 – 14,5,2020″ လို့ဆိုကာ သမီးရဲ့ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

Rဇာနည် နဲ့ ဝမ်းတို့ ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရပြီး သားအကြီးဆုံး ဖစ်ဖစ်တုန်ကတော့ အသက် ၁၀ နှစ်ရှိပြီဖြစ်ပြီး ချစ်ချစ်တုန်လေးကတော့ အသက် ၂နှစ်အရွယ် လေးဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းသူလေးပေါ့။ ခုတော့ သမီးလေးတစ်ယောက်ပါ ထပ်ရပြီဆိုတာကြောင့် သူတို့မိသားစုလေး အရမ်းကိုပြီးပြည့်စုံနေပါပြီ။

Snow(mcc)

(Visited 2082 times, 3 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ