Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သတင်းတွေဖတ်ပြီး စိတ်ဖိစီးမှုတွေမများကြပါနဲ့ လို့ ဆိုတဲ့ နီနီခင်ဇော်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်က သူချစ်တဲ့ ပရိသတ်တွေကို ကျန်းမာရေးကောင်းမွန်ဖို့နဲ့ စိတ်ဖိစီးမှုတွေ မများကြဖို့ သတိပေးစာလေးရေးသားခဲ့ပါတယ်။ အဲ့ဒီအပြင် ဆံပင်တွေမှာလဲ ရောဂါပိုးကပ်နေတက်တယ်ဆိုတာကြောင့် ခေါင်းကိုအေးအေးထားပြီး စနစ်တကျ ခေါင်းလျှော် ပါလို့လဲ ပြောခဲ့ပါသေးတယ်။

သူပြောခဲ့တဲ့ စာတွေထဲက ကောက်နှုတ်ဖော်ပြရရင် ” အခုလက်ရှိ Social Media မှာ သတင်းတွေဖတ်ပြီး စိတ်ဖိစီးမှုတွေ မများကြပါနဲ့ ၊ သတင်းတွေ ကိုချင့်ချိန်ပြီး ယုံစေချင်၊ Share စေချင်ပါတယ် ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ တစ်ခြားသော တရားဝင် အဖွဲ့အစည်း များမှ ကြေငြာချက်များကိုသာသေသေချာချာ လိုက်နာစေချင်ပါတယ် ။ သတင်းထုတ်ပြန်ကြေငြာ တယ်ဆိုတာ စိတ်ပူစေဖို့ မဟုတ်ပါဘူး ။ ကြိုတင်ကာကွယ် နိုင်ဖို့သာဖြစ်တယ်ဆိုတာ နီနီ့ရဲ့ ချစ်ရတဲ့ပရိတ်သတ်တွေကို သတိပြုမိစေချင်ပါတယ် ….”

“အရေးကြီးဆုံး က အခုလိုအချိန်မှာ အပြင်က ပြန်လာရင် လက်ကိုစနစ်တကျသေချာစွာဆေးပါ ။ ဖြစ်နိုင်ရင် အပြင်ကပြန်လာတဲ့အဝတ်အစားတွေကို ရေနွေးလေးနဲ့ စနစ်တကျလျှော်ပြီး ရေချိုးဖို့၊ ခေါင်းလျှော်ဖို့ မမေ့ပါနဲ့ ၊ ဘာလို့လည်းဆိုတော့ ဆံပင်မှာ ဖုန်တွေ ဘက်တီးရီးယားတွေ ကပ်နေနိုင်တာမို့ ခေါင်းလျှော်လိုက်မှ ပေါ့ပါးလန်းဆန်းသွားမှာပါ ။ အဲ့တော့ အိမ်မှာ ဘဲခေါင်းအေးအေးနဲ့ နေနိုင်ပြီလေ”

” အခုလိုအိမ်မှာ နေနေရင်းနဲ့ စိတ်ဖိစီးမှုတွေ မဖြစ်ရလေအောင် ကိုယ်အရင်က အချိန်သိပ်မပေးဖြစ်တဲ့မိသားစုတွေ နဲ့ အချိန်ကောင်းလေးတွေ ဖြစ်အောင်ဖန်တီးမယ် ခေါင်းအေးအေးနဲ့ သီချင်းလေးတွေ ရေးမယ်၊စာဖတ်မယ်၊ခေါင်းအေးအေးနဲ့ သီချင်းလေးတွေဆိုမယ် နီနီတို့ အိမ်နေရင်းး သီချင်း လေးတွေ လုပ်ရင်း တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ပဲ ခေါင်းအေးအေးနဲ့ဖြတ်သန်းပါတယ်။ ” လို့ဆိုပြီးလဲ သူရဲ့ stay home အကြောင်းလေးလဲ ထည့်သွင်းပြောပြခဲ့ပါတယ်။

နီနီခင်ဇော်ဟာ Melody World ပြိုင်ပွဲကနေစတင်ကာ ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ရဲ့ အချစ်သီချင်းတိုင်းကလဲ လူငယ်ပရိသတ်တွေကြားမှာအတော်လေးကို ရေပန်းစားနေဆဲဖြစ်ပါတယ်။

Snow(mcc)

(Visited 279 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ