Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဒီလိုအချိန်မှာတောင် ရေပြတ်တဲ့နေရာတွေကို ကူညီပေးခဲ့တဲ့ ဦးကျော်သူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသားအဖြစ်ကနေ ပရဟိတမင်းသားကြီးအဖြစ် ပရိသတ်တွေကို ကူညီစောင့်ရှောင့်ပေးနေခဲ့တာဖြစ်ပါတယ်။ သူက Covid 19 နဲ့ ပတ်သက်ပြီးဆေးဖြန်းတာတွေ လိုအပ်တဲ့ ကူညီမှုတွေကိုလဲ ဆက်တိုက်ကူညီဆောင်ရွက်ပေးနေသူပါ။ ယခုအခါမှာလဲ သောက်သုံးရေပြတ်လတ်သွားတဲ့ ကျေးရွာတစ်ခုကို ရေကုသိုလ် ပြုလုပ်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။

ဦးကျော်သူ ရေးသားခဲ့တာကတော့ ” ကိုဗစ်ကာလဆိုးကြီးထဲ နေပူပူပြင်းထဲ သုံးရေပြတ်လတ်သွားသည့်ပြည်မြို့ တဖက်ကမ်းရှိ ပန်တောင်းမြို့မန်ကျီးစုကျေးရွာ သို့ ပရဟိတစေတီတော်တောင်ကုန်းတွင် ထားရှိထားသော ရေသယ်ယာဉ်ကြီးဖြင့် ပရဟိတဝန်ထမ်းများမှ သွားရောက်ကာရေကုသိုလ်ကူညီပေးခဲ့ပါတယ် ။”ရေကသုံးစရာကိုမရှိကြတော့တာ၊ ဦးမောင်ကို ကျေးဇူးတင်နေကြတယ်ခင်ဗျ” ဟု ဒေသခံများကပြောကြားသည်ကို ကြားသိရသော ကျွန်တော်သည် ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်းမိသားစုအား ထပ်ဆင့် သာဓု သာဓု သာဓုခေါ်ဆိုမိပါတော့တယ် “

“အဘယ့်ကြောင့်ဆိုသော် ယင်းရေသယ်ယာဉ်ကြီးသည် ကမ္ဘောဇဘဏ်ဦးအောင်ကိုဝင်းမှ မိမိအားအများပြည်သူလူထုအတွက်ကူညီပေးရန်အတွက် လွန်ခဲ့သည့် လေးနှစ်ခန့်က လှူဒါန်းထားသောမော်တော်ယာဉ်ဖြစ်ပေတယ်။ ဒုက္ခသည်များအတွက် မူလ အလှူရှင်၏အလှူပစ္စည်းဖြင့် တစ်ဆင့်ပြန်လည်ကူညီဖေးမ ခွင့်ရနေသည့်အတွက် တန်ဖိုးမဖြတ်နိုင်သောပီတိများခံစားမိပါတော့တယ်။ ပရဟိတသာသနာပြုသမား ကျော်သူ” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

ဦးကျော်သူဟာ ပရဟိတအလုပ်တွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသူဖြစ်လို့ သူအတွက် ခွန်အားဖြစ်စေမယ့် အမှတ်တရဂုဏ်ပြုစကားလေးတွေ ပြောပြပေးခဲ့ကြပါအုံးနော် ။

Snow(mcc)

(Visited 299 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ