Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြတဲ့ အနုပညာရှင်များ

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ဟာ မြန်မာပြည်သူတွေရဲ့ အလေးစားရဆုံးနဲ့ တန်ဖိုးအထားရဆုံး နိုင်ငံတော် ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အမေစု @ ဒေါ် အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့ ပဲဖြစ်ပါတယ်။ နိုင်ငံ တစ်ဝှမ်းက ပြည်သူတွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေစု အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးကြသလို အမေစုကို ချစ်ကြတဲ့ အနုပညာရှင်တွေကလည်း ယခုလို ဆုမွန်ကောင်းတွေ တောင်းထားကြတာကို ကြည်နူးဖွယ် တွေ့ရပါတယ်

၁၉၈၈-၈၉

ဗမာပြည်ရဲ့ကံကြမ္မာ ချောက်ကမ်းပါးနားရောက်နေချိန်..
လူတိုင်းရဲ့စိတ်ထဲမှာ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေအမြင့်ဆုံးရောက်နေချိန်..

အမေ့အသံ တိမ်မဝင်သွားပဲ ပိုကျယ်လာခဲ့တယ်။ အမေ့ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေကို video မှတ်တမ်းတင်ထားတဲ့အခွေတွေ လူတွေကြားထဲ တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းပြီး တိတ်တိတ်ကလေးခိုးကြည့်ခဲ့ကြရတဲ့အချိန်မှာ ကျနော်တို့မိသားစုလဲ အများထဲကတစ်စုပေါ့။ မိသွားရင် တစ်မိသားစုလုံး ထောင်ထဲဝင်ရမယ့်အချိန်တွေ။

အဖေက သူ့သူငယ်ချင်းဆီကအမေ့ရဲ့ မိန့်ခွန်းခွေသစ်တွေရလာပြီဆိုရင် တစ်အိမ်လုံးပြူတင်းပေါက်တွေပိတ် ပါတ်ဝန်းကျင်အနေအထားကိုထွက်ကြည့်။ စိတ်ချရလောက်ပြီဆိုရင် မိသားစုတွေ TV အရှေ့မှာစုထိုင်ကြပြီး အသံတိုးတိုးနဲ့အခွေကိုဖွင့်ကြည့်ကြရတယ်။ အမေ့အသံကြားတာနဲ့ ရှိတဲ့ကြောက်စိတ်ကတစ်ဝက်လောက်ပျောက်သွားခဲ့တယ်။ အမှန်တရားတွေကို ချက်ကျ လက်ကျ ပြောပြတိုင်း ကြက်သီးတွေထ ရင်ထဲမှာစို့တက်လာပြီး ဝမ်းသာဝမ်းနည်းစိတ်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။ ထုံးစံအတိုင်း အမေ့ရဲ့ဟာသလေးတွေနဲ့ အရွှန်းဖေါက်တဲ့နေရာလေးတွေဆိုရင် အားလုံးကိုတစ်ဟားဟားနဲ့ ရယ်အောင်လုပ်ပေးနိုင်ခဲ့တယ်။ အမှန်တရားတွေကို အားလုံးရဲ့ရင်ထဲကိုရောက်အောင် သွင်းပေးနိုင်ခဲ့တယ်။ Powerless တွေကို Power ပေးခဲ့တယ်။

ဒီနေ့ဒီချိန်ထိလည်း လုပ်ငန်းစဉ်တွေကို အရှိန်တင်ပြီးလုပ်နေဆဲ။ ကျနော်တို့လို တက်လူတွေတောင် လက်ဖျားခါရလောက်အောင် သွက်လက်တဲ့ခြေလှမ်းတွေနဲ့ နားရက်မရှိကြိုးစားနေဆဲ။
အမေ ခွန်အားတွေဘယ်ကရနေသလဲ။ ကျနော်တို့ အမေ့ကို “ချစ်ပါတယ် ချစ်ပါတယ်” လို့ပြောနေတာတွေဟာ အမေ ကျနော်တို့အပေါ်မှာထားတဲ့ မေတ္တာရဲ့အပုံတစ်သိန်းပုံ တစ်ပုံရှိမယ်မထင်ပါဘူး။

မေတ္တာကြီးမားလှတဲ့အမေ ဒီမွေးနေ့မှစ အသက်ရာကျော်ရှည်ပါစေ။
အခက်အခဲတွေအားလုံးကို မေတ္တာနဲ့ကျော်လွှားနိုင်ပါစေ။
အမေမြင်ချင်တဲ့ စည်းလုံးညီညွတ်ပြီး အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို အမြန်ဆုံးမြင်တွေ့နိုင်ရပါစေ။

HAPPY 74th BIRTHDAY AMAY SU!!!
❤️❤️❤️

Zenn Kyi

Happy Birthday to Our Hero & Mother … 
❤❤❤❤❤❤❤❤❤❤❤
19th June, 2019  Credit to Artist Shepard Fairey

Phway Phway

Happy birthday ပါအမေစုအသက်ရှည်ကျန်းမာပါစေ ??

အ ေ မ

အ ေ မ ( သို့ မ ဟု တ် ) စ က ာ း လုံ း မ ရှိ တဲ့ ေ က ာ င် း က င်

ချစ်တဲ့ ပရိသတ်ကြီးကလည်း ချစ်ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုမွန်ကောင်းလေး တောင်းပေးကြပါဦး

(Visited 1244 times, 1 visits today)

About The Author

myanmarcelecrazy Myanmar Cele Crazy is a growing online entertainment channel delivering exclusive breaking news and in-depth coverage on Myanmar Celebrities

အခြားစိတ်ဝင်စားဖွယ်သတင်းများ