Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကမ္ဘာတစ်ခြမ်းမှာ ရှိနေတဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်း ပြောလာတဲ့ မဝင်းမင်းသန်း

အမျိုးသမီး ပရိသတ်များစွာရှိပြီး အလှအပရေးရာတွေ ဘဝနဲ့သက်ဆိုင်တဲ့ အသိပညာပေး စကားလေးတွေကို လူမှုကွန်ယက်ကနေ အမြဲမျှဝေပေးလျက်ရှိတဲ့ Beauty Blogger ဝင်းမင်းသန်းဟာ တကယ့်ကိုလေးစားရတဲ့ ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်ပါ။ သူ့လို ထက်မြတ်ပြီး အမြဲတက်ကြနေတဲ့ အမျိုးသမီးမှာလဲ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။

သူက ဒီအကြောင်းအရာလေးတွေကို အချစ်ဟောင်းကို ကျေးဇူးတင်စကားပြောရင်းနဲ့ပြောပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ “International Women’s Day မှာ အမျိုးသမီးတွေရဲ့ ကြိုးစားရုန်းကန်မှုတွေကို အသိအမှတ်ပြုလေးစားတဲ့ စိတ်တွေဖြစ်ရပါတယ် တဆက်တည်းမှာပဲ ကျနော်ဒီနေ့အထိအမျိုးသမီးတယောက်တည်းရပ်တည်မှု အတွက် မေတ္တာခွန်အား တွေ ဂရုဏာစိတ်အပြည့်နဲ့ ကူညီမှုတွေပေးခဲ့သူ စိတ်ဓါရေးရာလုံခြုံမှုတွေပေးပီး လေးစားမှုနဲ့ ကိုယ့်အပေါ်ဆက်ဆံခဲ့တဲ့ ကျနော့်ဘဝမှာ အရေးအပါဆုံး ယောကျာ်းတယောက်ကို အသိအမှတ်ပြု ကျေးဇူးတင်ချင်ပါတယ် (သူ့ကို အသိပေးပီးမှ ဒီ post ကိုတင်တာပါ)”

“ကိုယ့်ကိုကိုယ် ယုံကြည်တတ်လာအောင် ဖေးမခဲ့တယ် Yangon In My Heart page လေး မလုပ်ခင်ထဲက သူက အမြဲပြောခဲ့တယ် “နင့်အသံကို လူအများကြီးကြားအောင်လုပ်ပါနင်ကတနေ့ Superstar ဖြစ်မှာ အခုတောင် ငါ့ဘဝမှာ နင်က superstar ပဲ တချိန်မှာ လူတွေ အများကြီးသိတဲ့ superstar ဖြစ်မယ်ဆိုတာငါယုံပီးသားမို့လို့ တကယ်ဖြစ်လာရင်ငါ့အတွက် ထူးဆန်းမှာ မဟုတ်ဘူး ” ဆိုပီး အမြဲအားပေးခဲ့တဲ့သူပါ အမျိုးသမီးတယောက်ကို အစစအရာရာ ရှေ့တန်းတင် ဦးစားပေးပီး ဆက်ဆံတတ်တဲ့ ယောကျာ်းတယောက်ကို ကျနော့်ဘဝမှာ firsthand experience အဖြစ် ပထမဆုံးတွေ့ကြုံဖူးခြင်းပါ “

“၂၀၀၉ခု Valentine’s Day မတိုင်ခင် တရက်မှာတွေ့ခဲ့တဲ့ မြင်မြင်ခြင်းချစ်မိခဲ့တဲ့ ပါးချိုင်းတစုံနဲ့ အပြုံးချိုချိုပိုင်ရှင် တချိန်က “ဘဲသဲလေး”သူ့အကြောင်းလေးကို June လတုန်းက ရေးဖူးတာ မှတ်မိလားတော့ မသိဘူး ထူးဆန်းတဲ့ အကြောင်းလေးပြောမယ်နော် ကျနော်လေ သူ့ကို တကယ်စိတ်ထဲမှာ တမ်းတမ်းတတနဲ့ သတိရလွန်းလို့ ရေးမိတယ် နောက်ဆုံး အဆုံးသပ်လိုက်တာ June 30th မှာ July 4th မှာ ကျနော့်ဆီကို သူ email ပို့လာတယ် အဲ့ဒီ့အချိန်မှာ သူနဲ့ကျနော် အဆက်အသွယ်ပြတ်နေတာ ၂နှစ်ခွဲလောက်ရှိပီပေါ့ အဝင်းတို့ ထုံးစံအတိုင်း လွဲလိုက်ရမှလေ သူ့ email ကို July 7th မှာမှတွေ့တယ် ဒီလိုပဲ စကားတွေပြန်ပြောကြရင်း ပြန်ဆက်သွယ်မိကြတယ် “

“သူတခါမှ မရောက်ဖူးတဲ့ မြန်မာပြည်ကို December 2019 မှာလာလည်ပါတယ် ကျနော့်အမေကိုလည်း သူအရမ်းတွေ့ချင်တာလဲပါတယ် သူက ဖိလစ်ပိုင်လူမျိူး Canada နိုင်ငံ Toronto မြို့မှာ အသက် ၇နှစ်လောက်တည်းကနေကြီးပြင်းလာတဲ့သူပါ အခုတော့ ကျနော်တို့ ၂ယောက် တယောက် ကမ္ဘာတခြမ်းဆီမှာနေရင်း ကိုယ့်ဘဝကိုယ် ကျေနပ်စွာနဲ့ ဖြတ်သန်းနေပါတယ်။ ကျနော်တို့ ၂ယောက်ရဲ့ သံယောဇဉ်နဲ့ နားလည်လေးစားမှုကို ဘာlabel, status မှတပ်စရာမလိုအောင်ကြီးမားပါတယ် “

“၁၁ကျော်ကြာခဲ့တဲ့ သံယောဇဉ်တွေက ဘာနဲ့မှ တိုင်းတာပြစရာမလိုအောင် ကျနော်တို့၂ယောက်နားလည်ပီးသားပါ ။ ရဲရင့်ထက်မြတ်တဲ့ အမျိုးသမီးတယောက်ရဲ့ နောက်ကွယ်သမိုင်းမှာ ဒီလို ဖေးမကူညီပီး လေးစားချစ်ခင်ယုယတတ်တဲ့ အမျိူးသားတယောက်လည်း ရှိခဲ့ပါတယ် အရမ်းကျေးဇူးတင်တယ်”တဲ့။

သူမရဲ့ အချစ်ရေးကို ချစ်သူများနေ့ မတိုင်ခင်က သူ့ရဲ့အချစ်ရေးကိုဖွင့်ချလာပါတယ်။ ဒီသတင်းကြောင့် သူမကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေများစွာ ရရှိပါတယ်။ယခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေ များစွာရိုက်ကူးလာပြီး ပွဲတွေမှာလဲ အမိုက်စားဖက်ရှင်တွေနဲ့ သူ့ကို တွေ့မြင်လာရပါတယ်။

Snow(mcc)

(Visited 32482 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ