Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ယောက်ျားဖြစ်သူရဲ့ အချစ်ကို စာသားလေးတွေနဲ့ သက်သေပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာ အလုပ်တွေ မလုပ်တော့ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေ နဲ့ကတော့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အဆက်အသွယ်မပြတ်ကြပါဘူး။ သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ကျကံကောင်းသူဖြစ်ပြီး သူမကို အရမ်းချစ်တဲ့ သူနဲ့ လက်ထပ်ခဲ့ရတာကြောင့် သူမမှာ ကြည်နူးမဆုံးအောင် ဖြစ်နေပါတယ်။

ယခုအခါမှာလဲ ယောက်ျားဖြစ်သူရဲ့ အကြောင်းကိုပြောပြလာပါတယ်။ အဲ့ဒါကတော့ “အကယ်၍သာ သဉ္ဇာ့အမျိုးသား သဉ္ဇာ့ကိုအနိုင်ကျင့်ခဲ့မယ်ဆိုရင်အခုလိုပျော်ရွှင်ရမှာမဟုတ်ဘူး သူလုပ်ပေးသည်းခံပေးခဲ့တာတွေအများကြီးပဲ သေးသေးလေးမှအစသူစဉ်းစားပေးခဲ့တာ ဘယ်အဖေမှတော့ သူတို့သားကို သူတို့သားမဟုတ်ဘူးလို့လူတွေဝိုင်းပြောတာဘယ်လောက်ခံနိုင်မလဲ ကိုယ်အနေအထိုင်မတက်ခဲ့တာတွေအတွက်လဲ အပြစ်မယူခဲ့ဘူး သူကတစ်ကယ်ကို အရမ်းကောင်းပေးခဲ့တာ အခုသူ့ကိုလူတွေ ဟုတ်တာပဲပြောပြောမဟုတ်တာပဲပြောပြော သူ့နောက်မှာကိုယ်ရှိပေးမှာ”

“ယောက်ျားမိန်းမယောက်ျားကိုအရမ်းချစ်တယ်။ မိန်းမယောက်ျားနဲ့စယူတဲ့အချိန်မှာ မိန်းမတို့နှစ်ယောက်ကို ပျက်စီးအောင်မဟုတ်တဲ့စကားတွေနဲ့ထိုးနှက်ခဲ့တဲ့အချိန်မှာ မိန်းမဘက်ကနေ အပြည့်အဝကာကွယ်ခဲ့တယ်။ မိန်းမကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော မွေးပြီးတဲ့အချိန်မှာပါ မိန်းမသားကို အမျိုးမျိုး ပုတ်ခက်ခဲ့တာကိုလည်းယောက်ျားသည်းခံပေးခဲ့တယ်။ မိန်းမမိဘတွေ ကိုလုပ်ပေးချင်တာတွေလည်းပြောစရာမလိုပဲ စိတ်တိုင်းကျလုပ်ခွင့်ပေးခဲ့တယ် ယောက်ျားမိန်းမကိုချစ်တဲ့အချစ် ကတန်ဖိုးဖြတ်လို့မရသလို ဘာကမှလည်းမတားစီးနိုင်ဘူး “

“ယောက်ျားကမိန်းမအတွက်ယောကျာ်းကောင်း အဖေကောင်းတစ်ယောက်ဆိုတာရင်ထဲကကိုခံစားလို့ရတယ်။ ဘယ်သူတွေဘာပြောပြော မိန်းမယောက်ျားကိုယုံတယ် ကဲနောက်ဆုံးလုပ်တယ်ဆိုတောင် မိန်းမနဲ့ယောက်ျားရဲ့ အချစ် သံယောဇဉ်ကို ဘာကမှမတားနိုင်ဘူး ဂရုလဲစိုက်မှာမဟုတ်ဘူး သူများတွေပြောတာကိုခေါင်းထဲမှာမရှိဘူး ယောက်ျားနောက်မှာ မိန်းမအမြဲရှိတယ်။ အခုအချိန်မှာ မိန်းမတို့မိသားစု ကျန်းကျန်းမာမာရှိဖို့ကပဲအဓိက ကျတယ်” လို့ ဆိုကာ ယောကျာ်းအတွက် ဂုဏ်ယူဝင့်ကြွားစွာ ပြောပြခဲ့ပါတယ်။

သဉ္ဇာနွယ်ဝင်းဟာ လက်ရှိမှာတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားတာဘဲ ဖြစ်ပါတယ်။

Snow(mcc)

(Visited 4754 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ