Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အမဖြစ်သူအတွက် စိတ်မကောင်းလို့ တညလုံးငိုခဲ့ရတယ် ဆိုတဲ့ အေးဝတ်ရည်သောင်း

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရှိထားပြီး သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ ယခုနောက်ပိုင်းမှာ တော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမှာလဲ သူမကိုတွေ့လာရပါတယ်။ လက်တလောမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ
ကြောင့် အလုပ်တွေရပ်နားထားပြီး အိမ်မှာနားနေချိန် အမဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရလို့ ငိုနေရပါတယ်ဆိုကာပြောပြခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ ” မနေ့ကတညလုံးငိုရတဲ့နေ့ 😭😭😭😭ညက မကြီးကVideo call ခေါ်လာတယ်။ ဘာတွေလုပ်နေတာလဲ။ ကိုယ်ကတော့လက်ဖက်ထမင်းသုပ်စားနေတာ။ အလုပ်တွေလည်းနား ဆိုင်တွေလည်းပိတ်ဆိုတော့ အိမ်မှာပဲလုပ်စရာရှိတာလေးတွေလုပ်တယ်ပေါ့လို့။ မလေးရေနင်ကတော့ အိမ်မှာနေပြီးအလုပ်နားတာတွေတွေ့ရတော့ဝမ်းသာတယ်တဲ့။ကျန်းမာရေးဂရုစိုက်တဲ့။ သူတို့ဆီမှာစားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေပိတ်လိုက်ကြပြီတဲ့။ လမ်းတွေမှာလူတွေကိုရှင်းနေတာပဲဆိုပြီး Video call ဖွင့်ပြီးလမ်းတလျောက်လုံး ရိုက်ပြသွားတာ ၁၀ မိနစ်လောက်ကြာတဲ့အထိ ၂ ယောက်လောက်ပဲတွေ့ရတယ်”

“လူတွေကိုရှင်းနေရောပဲ။ ကင်မရာကြီးကိုင်ပြီးလျောက်ပြတာ လှေကားထစ်နားမှာမှာချော်လဲသေးတယ်။ အခုအိမ်နားရောက်ပြီတဲ့ ကိုယ်လည်းပြီးမှ စဉ်းစားမိတယ် စကားပြောတာ ၁၀ မိနစ်လောက်ကို သူဘယ်တွေလျောက်သွားနေတာလဲပေါ့။ အဲ့တော့မှမေးလိုက်တော့ အလုပ်ကပြန်လာတာတဲ့ 😪 သူ့အလုပ်ကမပိတ်သေးဘူးတဲ့။ သူမသွားရင်သူလခရမှာမဟုတ်လို့ သူဌေးကအလုပ်ပိတ်ပြီလို့မကြေညာမချင်းအလုပ်မသွားပဲမနေသေးဘူးတဲ့”

“ကျမတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ခုချိန်အလုပ်လုပ်နေရသူတွေကိုလည်းတကယ်ပဲကိုယ်ချင်းစာတယ်။ ကျမတိုနိုင်ငံမှာ ၃ ယောက်တွေ့တာတောင် ကျမအရမ်းကြောက်နေတာ။ သူတို့ဆီမှာထောင်ချီနေပြီတွေ့တာ။ အခုထိအလုပ်သွားနေရတုန်း။ ကင်မရာသူ့ဘက်လှည့်ပြတော့ မကြီး Mask မတပ်ဖူးလားလို့မေးတော့ ဈေးတွေလည်းကြီးပြီး ဝယ်လို့တောင်မရတော့ဘူးတဲ့😭😭😭😭 နင်ပို့ပေးပါလားတဲ့ 😭😭😭 ကိုယ်မှာအခုပဲသူ့ဆီထပြေးပေးလိုက်ချင်တယ်။ တမိသားစုလုံးကဒီမှာ ဟိုမှာကသူတစ်ယောက်တည်းရယ်။ ရန်ကုန်ပြန်လာတော့လို့ပြောတော့ ဒီကပ်ကြီးပြီးမှပြန်လာမယ် တဲ့ 😭😭😭😭😭Wish you all the best Ma Gyi Hnin Thaung” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်း နဲ့ ဆွိဝတ်ရည်သောင်း တို့ ညီအစ်မ သုံးယောက်ဟာ ပရိသတ်ကိုယ်စီနဲ့ အောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တွေပါ။ လက်ရှိမှာတော့ မြန်မာဆန်လွန်းပြီး အမျိုးသားတို့ရဲ့ အသည်းကျော်ဖြစ်နေသူကတော့ မအေးသောင်းလို့ ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းပါဘဲ။ သူမရဲ့ အောင်မြင်မှုတွေကတော့ ရုပ်ရှင်ကားကြီးတွေပေါ်မှာ တွေ့မြင်လာရပါတယ်။

Snow(mcc)

(Visited 6618 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ