Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မလိုအပ်ဘဲ စားသုံးကုန်တွေ မဝယ်ပါနဲ့ လို့ တောင်းဆိုလိုက်တဲ့ အေးမြတ်သူ

ပရိသတ်တွေကြားမှာ အရမ်းကို တုန်လှုပ်ခြောက်ခြားဖွယ်ရာ အခြေအနေတစ်ခုဖြစ်ခဲ့တဲ့ ကုန်တိုက်တွေ၊ ဈေးတွေမှာ လူတွေကြိတ်ကြိတ်တိုး အလုအယက်ဝယ်ယူနေကြတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူက ခုလိုဘဲပြောပြလာခဲ့ပါတယ်။ သူပြောပြခဲ့တာကတော့ ပစ္စည်းတွေကို အသည်းအသန်လိုက်ဝယ်ကြတဲ့အခါ ဈေးတက်သွားနိုင်တာကြောင့် အများကြီးမဝယ်ကြဖို့ေတာင်းဆိုလာတာလဲ ဖြစ်ပါတယ်။

သူမပြောပြခဲ့တာကတော့ ” ကျန်းမာရေးအသိနဲ့သတိလေးရှိဖို့သာပြောတာပါ… မလိုအပ်ဘဲနဲ့ စားသုံးကုန်အခြောက်တွေအများကြီးမဝယ်ကြပါနဲ့နော်🙏🙏🙏…ပစ္စည်းတွေပျက်လို့ ဈေးတွေမတန်မဆကြီးသွားရင် ထိခိုက်မှာက မမြတ်လေးတို့လိုစားသုံးသူပြည်သူတွေကိုယ်ကိုတိုင်ပါ…..စဉ်းစားဆင်ခြင်ဉာဏ် လေးနဲ့ထိန်းသိမ်းနိုင်ကြပါစေရှင်🙏🙏🙏” လို့ ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေရေးသားဖော်ပြလာခဲ့ပါတယ်။

WHO က နေ ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကပ်ရောဖြစ်တယ်လို့ အတည်ပြုကြေညာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ အခြေနေအနည်းငယ်တုန်လှုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနကလဲ သတိရှိကြဖို့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြလာခဲ့ပါတယ်။ အဆိုပါ ပြောပြချက်တွေကို ကိုးကားပြီး ကောလဟာလ သတင်းတွေလဲပျံ့နှံ့ခဲ့ပါတယ်။

အဲ့လိုသတင်းတွေကြောင့် ကုန်ခြောက်တွေ ဆန်ဆီဆား စတာတွေကို အပြေးအလွှားအလုအယက်ဝယ်ယူကြတယ်ဆိုတဲ့သတင်းတွေပျံ့နှံ့လို့နေပါတယ်။ အဲ့လိုဖြစ်စဉ်တွေကြောင့် ကောလဟာလတွေကို မယုံကြဖို့နဲ့ကုန်ပစ္စည်းတွေဈေးမတက်ဖို့ကို နိုင်ငံတော်အဆင့်ထုတ်ပြန်ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်တွေအမေနဲ့သတင်းတွေကို တိကျမှန်ကန်မှုရှိအောင် လေ့လာပြီးမှယုံကြည်ပေးကြဖို့နဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ မှာကြားချင်ပါတယ်။

Snow(mcc)

(Visited 416 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ