Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ရည်းစားဟောင်းတွေရဲ့ ကျိန်စာတွေများ စူးနေလားမသိဘူးလို့ ဆိုလာတဲ့ ထွန်းထွန်း

Example ထွန်းထွန်းရယ်လို့ ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ အချိန်က စတင်ကာ စော်ကြည်ဘဲ ကြီးဖြစ်လာခဲ့ ထွန်းထွန်းဟာ ယနေ့အချိန်ထိ လူပျိုးကြီးအဖြစ်သာရှိနေသေးပြီး လက်ထပ်ရလောက်အောင် ချစ်ရမယ့် ချစ်သူမရှိသေးဘူးလို့လဲ မီဒီယာတွေရဲ့ အင်တာဗျူးတစ်ချို့မှာ ဖြေဆိုခဲ့ဖူးပါတယ်။ ထွန်းထွန်းက လက်တစ်လောမှာတော့ ပိတောက်ကတဲ့ ဂီတရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှု့ပြီးချိန်မှာတော့ သူဟာ ချစ်သူဟောင်းတွေရဲ့ကျိန်စာများမိနေသလားဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

သူရေးသားလာတဲ့ ပုံစံလေးကတော့ “ အတိတ်က ရည်းစားများခဲ့တဲ့ အတွက်ကျွန်တော့်ကြောင့် အသဲကွဲခဲ့ရတဲ့ မိန်းကလေးတွေလည်းရှိမှာပေါ့ ဒါကြောင့်လည်း ကျွန်တော် သူတို့ရဲ့ကျိန်စာတွေ စူးနေလားမသိပါဘူးဗျာ.” လို့ ဆိုပြီး ရေးသားခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ အရမ်းမိုက်တဲ့ Dialoguesတွေ…ပိတောက်ကတဲ့ ဂီတ_ရုပ်ရှင် တကယ် Super ရိုချက်ပဲ …. ကိုစိုင်းရယ် …အပြင်မှာလည်းရိုဗျာ Congratulations မတ်လ ၅ ရက်နေ့ စတင်ပြီး တစ်နိုင်ငံလုံးမှ အဆင့်မြင့်ရုပ်ရှင်ရုံတိုင်းမှာ ပြသပါပြီဗျိုး.. ps .. Moe Sithu Kyaw (မိုးမိုး) ကလည်း နောက်ခံဂီတ ရှယ်ပို့ထားတယ်ဗျာ” လို့ ဆိုကာ ချီးကျူးစကားဆိုထားပါသေးတယ်။

ချစ်တဲ့ ပရိသတ်တွေအနေနဲ့ရော ပိတောက်ကတဲ့ဂီတကိုကြည့်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပြီ လားဆိုတာ ကို ပြောပြခဲ့ကြပါဦးနော်။ ကြည့်ပြီးတဲ့ အခါ ဘယ်ဇာတ်ဝင်ခန်းကိုအကြိုက်ဆုံးလဲ ဆိုတာကို ဒီပို့စ်ရဲ့အောက်မှာ လာရောက်ပြောပြကြပါနော်။

ဖတ်ရှု့ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 3151 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ