Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပြေတီဦး ဖောင်ဒေးရှင်းကနေ ပန်းလေးတွေထပ်ပွင့်လာလို့ ကြည်နူးပီတိဖြစ်နေတဲ့ ပြေတီဦး

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီပြေတီဦးဟာ အနုပညာအရာမှာတင် ထူးချွန်တာမဟုတ်ဘဲ ပရဟိတပိုင်းမှာလဲ ထူးချွန်တဲ့ သူတစ်ယောက်ပါ။ သူက ပြေတီဦး ဖောင်ဒေးရှင်းကို ၂၀၀၉ခုနှစ်ထဲက စတင်တည်ထောင်ကာ ၁၁နှစ်တာကာလရှိခဲ့ပြီ ဖြစ်ပါတယ်။

ယခု၁၁နှစ်တာအတွင်းမှာ ပြေတီဦးဖောင်ဒေးရှင်းကနေ ဆရာဝန် (၇၄) ဦး ၊ အင်ဂျင်နီယာ(၆)ဦး နဲ့ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) တို့ကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလဲ နောက်ထပ် နှစ်ဦးဘွဲ့ရရှိခဲ့တာကြောင့် သူ့မှာ ပီတိတွေများစွာနဲ့ ဘွဲ့ရသူတွေကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

အဲ့ဒါကတော့ “ ပြောရင်းဆိုရင်းနောက်ထပ် ပန်းတစ်ပွင့် ထပ်ပွင့်ပြန်ပြီ…မိမိရဲ့ မိသားစု မိမိရဲ့ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူများကို တတ်နိုင်သလောက်လေးကူညီပြီး စိတ်ချမ်းသာမှုလေးတွေ ပေးစွမ်းနိုင်ပါစေ..” လို့ ဆိုပြီး ပြေတီဦးက ဆုတောင်းပေးခဲ့ပါတယ်။

ယခုလအတွင်းမှာ ဘွဲ့ရရှိခဲ့တဲ့ မန္တလေးမြို့မှ အင်ဂျင်နီယာကျောင်းသူတစ်ယောက်နဲ့ ဆေးကျောင်းသူတစ်ယော က်ဟာ ရှေ့ဆင့်နောက်ဆင့် ဘွဲ့ယူခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ကျေးဇူးတင်လွှာတွေရေးသားခဲ့ကြြ့ပီး အဆိုပါကျေးဇူးတင်လွှာကို ပြန်လည်မျှဝေရင်းနဲ့ ပြေတီဦး တစ်ယောက်ဝမ်းသာပီတိတွေနဲ့ ကြည်နူးနေပါတယ်။

Snow(mcc)

(Visited 2040 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ