Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင် တို့ သိစေရန် ထွက်ပေါ်လာသော ပို့စ် တစ်ခု

ယခုနှစ်ပိုင်းတွေမှာ သရုပ်ဆောင် ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင် တို့ဇနီးမောင်နံှဟာ ပရိသတ်တွေကြားမှာ အရမ်းကို အားကြရတဲ့ စုံတွဲလေးဖြစ်သလို သူတို့အိမ်ထောင်ရေးဟာ သာယာလှပြီး အိမ်ထောင်သည် အများစုရဲ့ အားကျရတဲ့ စုံတွဲလေး ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ ပိုင်ဇေရဲထွန်းကတော့ မင်းသားဖြစ်တာကြောင့် နာမည်ကျော်ကြားခဲ့ပေမယ့် ဇင်သဲနိုင်ကိုတော့ သူ့ရဲ့ ဇနီးအဖြစ်နဲ့ရော ကလေး၄ယောက်ရတဲ့အထိ မင်းသမီးတစ်ယောက်လို လှနေတာကြောင့် အမျိုးသမီးအများစုရဲ့ ဝန်းရံခြင်းကို ခံခဲ့ရတဲ့ သူလေး လဲဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ ဥရောပနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းခံခဲ့ရတာလဲ ဖြစ်ပါတယ်။ သူမကို အများက ယခင်ကထက် ပိုမိုလေးစားခဲ့ကြပြီး ချီးကျူးသံတွေနဲ့ ပြည့်နက်နေခဲ့ပါတယ်။ သို့ပေမယ့် ယနေ့မှာတော့ ဘယ်သူမှမထင်ထားတဲ့ အကြောင်းအရာ တစ်ခုက သူတို့နှစ်ဦးရဲ့ ဂုဏ်သတင်းကို အနည်းငယ် ထိခိုက်သွားစေခဲ့ပါတယ်။

သူတို့ ဇနီးမောင်နှံ ရဲ့ နာမည်ကို အကြောင်းပြုပြီး သူတို့ငွေကြေးအခက်အခဲ ဖြစ်နေချိန် မိဘ တွေက အိမ်ဂရန်တွေပေါင်ပြီး ငွေထုတ်ပေးခဲ့ကာ ယခုချိန်ထိ ပြန်မဆပ်ပေးခဲ့တာကြောင့် အသက်ကြီးနေတဲ့ အဖိုးအဖွားတွေမှာ ကမ္ဘောဇဘဏ် ရဲ့ တရားစွဲဆိုခြင်းကို ခံနေရတယ်ဆိုတဲ့ အကြောင်းကို သူတို့ဇနီးမောင်နှံကို လိမ့်မူပြီး U Ye htun ဆိုတဲ့ အကောင့် ကနေပုံနဲ့ အတူ ပို့စ်တွေတက်လာခဲ့ပါတယ်။

အဆိုပါ ပို့စ်ကတော့ ” သားပိုင်ဇေနဲ့ သမီး သဲသဲ မင်းတို့ငွေကြေးအခက်အခဲလိုအပ်နေတဲ့အချိန် ချစ်တဲ့စိတ် ယုံကြည်တဲ့စိတ်တွေနဲ့ အိမ်ဂရန်တွေထုပ်ပေးခဲ့မိလို့အခုကမ္ဘောဇဘဏ်က တရားစွဲတဲ့အတွက် အသက် ၇၆ နှစ် မစွမ်းမသန် အဖေအိုကြီးနဲ့ နှလုံးရောဂါ သယ် ၇၂ နှစ်ရွယ် မိခင်ကြီးတို့. ကိုယ်ဘာမှမကျုးလွန်ရဘဲ တရားရုံး သွားနေကြရပြီ. ရင်ထဲ တော်တော ်စိတ်မကောင်းဖြစ်ရတယ်.
လုပ်ရက်လိုက်တာကလေးရယ်. . ကာယဒုက္ခ-စိတ္တဒုက္ခ ဝဋ်ကြွေးတွေပြေ ကြေပါစေ. . ” ဆိုကာ ရေးသားဖော်ပြခဲ့တာလဲ ဖြစ်ပါတယ်။

ဒါ့အပြင် ” ဘဏ်လောက က သြဇာသြတ္တိမအကြီးဆုံး ပုဂ္ဂိုလ်က ပြန်တမ်းဝင်အရာရှိကြီးတဦး၊ တိုင်းပြည်အတွက်အ သက်စွန့်ခဲ့ သူတဦး၊ ယနေ့ထိကိုယ်ကျိုး စီးပွားအတွက်ဘာရပိုင်ခွင့်မှ မယူသူမို့ အချိန်သတ်မှတ်လ တွေထက် အများကြီး အခွင့် အရေးပေးခဲ့ပါတယ်။ ဘဏ်ကအတိုးတောင်းတဲ့စာလာလို့သွားပြရင် ခြေ၂ချောင်း အပေါ် ချိတ်အိပ်ယာက အခန့်သားစတိုင်လ်နဲ့ ပြော. ဘာပြောမလို့လဲ ဆိုတဲ့ချွေးမကောင်းကြီး။ အစကဘာမှမရှိ၊ အဝတ်တထည် ကိုယ်တစ်ခုသာသာနဲ့..။

ပိုင်ဇေကိုချစ်လို့ လေဆိပ်ရိပ်သာခြံနဲ့အိမ်ရောင်းတာလဲ အမွေအနေနဲ့အကုန်ပေးခဲ့တယ်။ စာချုပ်လွတ်ပေါ် လက်မှတ်ထိုးငွေချေးလို့ တဘက်ကစောင်မြင်ကတ်ပုဒ်မနဲ့ သိန်းရာဂဏန်းချေးတာ သိန်း၂ထောင်ပြင်ရေးတယ်။ မရမ်းကုန်းတရားရုံးက တရားစွဲတောင်းမယ်ဆိုတော့ အဖေဖြစ်သူ က ညတွင်းခြင်း သိန်း၂ထောင်သွားပေးခဲ့တဲ့ ကျေးဇူးကို စောင်ကန်းမ က လစဉ် စားစရိတ်ထောက်ရတာ ဂုဏ်ဖော်နေတာအံ့တယ်။ နိုင်ငံခြားခရီးစဉ်မကလို့ တာဝတိံသာတက်တက် ရတနာဆိုင်မကလို ရှော့ပင်းမောလ်ကြီးဖွင့်ဖွင့် မိဘ အိမ် ယူပေါင်တာတော့ရွေးပေးခဲ့အုံး…လို့ ” ဆိုကာ Chaw Yin Min ဆိုတဲ့ အကောင့်ကနေ ခုလိုတွေ ရေးသားဖော်ပြခဲ့ပါတယ်။

ချစ်ပရိသတ်ကြီးက သူတို့တွေရဲ့ ဖြစ်စဉ်ကို စိတ်ဝင်စားနေကြမယ်ဆိုတာ ယုံကြည်ပါတယ်။ Admin လဲ စိတ်ဝင်စားနေတာမို့ သိရတဲ့ အခါ ထပ်မံတင်ဆက်ပေးသွားပါမယ်နော်။ ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – U Ye Htun’s fb, Chaw Yin Min’s fb

(Visited 10967 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ